စစ်ဘေးရှောင် ကမ်ပိန်း

May 15, 2021

ဂျပန်ရောက်မြန်မာလူငယ်များ စစ်ဘေးရှောင်များအတွက် တိုကျိုမြို့တွင် ကမ်ပိန်းပြုလုပ်

ဂျပန်ရောက် မြန်မာလူငယ်တွေက မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေအတွက် လက်ကမ်းစာစောင်ဝေတဲ့ ကမ်ပိန်းတစ်ခုကို မေလ ၁၅ ရက်နေ့က တိုကျိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ကီချီဂျိုဂျီဘူတာ၊ မြောက်ဘက်ဝင်ပေါက်နဲ့  ခိတဆန်းဂျူဘူတာ အနောက်ဘက်ဝင်ပေါက်တွေမှာ အချိန်ခွဲပြီး စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်နိုင်ငံနဲ့ တကမ္ဘာလုံးက ပိုပြီးသိနိုင်အောင် လူငယ်တွေက ကြိုးစားခဲ့တာပါ။

မြန်မာနိုင်ငံက CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံတာတွေလည်း ပြုလုပ်ခဲ့ပြီး ခိုင်မာတဲ့ရင်းမြစ်တွေကို ဆက်သွယ်လှူဒါန်းမယ်လို့ လူငယ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ မြန်မာ့အရေး လက်ကမ်းစာစောင်တွေကို လူငယ်တွေက အပတ်စဉ် စနေနေ့တိုင်း ဝေငှပေးနေတာ ဖြစ်ပါတယ်။

7 months Ago
Up