အစိုးရထုတ်လိုက်တဲ့ဥပဒေတွေထဲမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် မြေယာရပိုင်ခွင့်လုံးဝမပါဘူးလို့ Trans National Instituteက ပြောပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့သူတွေနဲ့စစ်ဘေးဒုက္ခသည်တွေအတွက် မြေယာရပိုင်ခွင့်အခွင့်အရေးဆိုင်ရာ သဘောထားကြေညာချက်ကို သြဂုတ် ၂၁ ရက်နေ့က ဆမ်းမစ်ပတ်ဗျူးဟိုတယ်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကနေ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ IDP အရေအတွက်ဟာ ၅သိန်းကျော်ရှိနေသလို ဒုက္ခသည် အရေအတွက်ဟာ ၉သောင်းကျော်လောက်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာထောက်ထာ းမှုကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာဆက်လက်ထောက်ပံ့မှုတွေ ရပ်တန့်ထားသလို နေရပ်ပြန်ဖို့ ဖိအားပေးတာတွေလုပ်လာတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်ပြီး လယ်ယာမြေလုပ်ကိုင်စားဖို့အတွက်ကလည်း အစိုးရကနေ မြေယာရပိုင်ခွင့် အခွင့်အရေးတွေမလုပ်ဆောင်ပေးတာကြောင့် အခက်အခဲတွေရှိနေကြပါတယ်။
စစ္ေဘးေရွာင္မ်ားအတြက္ ေျမယာရပိုင္ခြင့္ ဥပေဒတြင္ မပါဝင္ေသး
စိုးမိုးေအာင္
အစိုးရထုတ္လိုက္တဲ့ဥပေဒေတြထဲမွာ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ေျမယာရပိုင္ခြင့္လုံးဝမပါဘူးလို႔ Trans National Instituteက ေျပာပါတယ္။
ျပည္တြင္းေနရပ္စြန႔္ခြာ စစ္ေဘးတိမ္းေရွာင္ခဲ့သူေတြနဲ႔စစ္ေဘးဒုကၡသည္ေတြအတြက္ ေျမယာရပိုင္ခြင့္အခြင့္အေရးဆိုင္ရာ သေဘာထားေၾကညာခ်က္ကို ၾသဂုတ္ ၂၁ ရက္ေန႔က ဆမ္းမစ္ပတ္ဗ်ဴးဟိုတယ္မွာ ထုတ္ျပန္လိုက္ပါတယ္။
ဒီထုတ္ျပန္ခ်က္ထဲမွာ ျမန္မာႏိုင္ငံကေန စစ္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ IDP အေရအတြက္ဟာ ၅သိန္းေက်ာ္ရွိေနသလို ဒုကၡသည္ အေရအတြက္ဟာ ၉ေသာင္းေက်ာ္ေလာက္ရွိေနတယ္လို႔ ဆိုပါတယ္။
လက္ရွိမွာ စစ္ေဘးေရွာင္ျပည္သူေတြကို ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထာ းမႈကူညီေရးအဖြဲ႕ေတြက စားနပ္ရိကၡာဆက္လက္ေထာက္ပံ့မႈေတြ ရပ္တန႔္ထားသလို ေနရပ္ျပန္ဖို႔ ဖိအားေပးတာေတြလုပ္လာတယ္လို႔ ဆိုပါတယ္။
စစ္ေဘးေရွာင္ျပည္သူေတြအေနနဲ႔ ေနရပ္ျပန္ၿပီး လယ္ယာေျမလုပ္ကိုင္စားဖို႔အတြက္ကလည္း အစိုးရကေန ေျမယာရပိုင္ခြင့္ အခြင့္အေရးေတြမလုပ္ေဆာင္ေပးတာေၾကာင့္ အခက္အခဲေတြရွိေနၾကပါတယ္။
2 years Ago