စစ်ဘက်အခြေခံအဆောက်အအုံ

August 10, 2021

ဂျပန်နှင့်ပိုင်နက်အငြင်းပွားကျွန်းပေါ်၌ ရုရှားက စစ်ဘက်အခြေခံဆောက်အအုံများဆောက်

ရုရှားအစိုးရဟာ ဂျပန်နဲ့ ပိုက်နက်အငြင်းပွားနေတဲ့ ကူရေးလ်ကျွန်းတွေပေါ်မှာ စစ်ဘက် အခြေခံအဆောက်အအုံ နောက်ထပ် ၅၁ ခုကို ဆောက်ဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် TASS သတင်းဌာနက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။

“ဒုတိယကမ္ဘာစစ်အဆုံးပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စုက ဂျပန်ရဲ့ ကူရေးလ်ကျွန်းတွေကို သိမ်းယူခဲ့လို့ ရုရှားနဲ့ ဂျပန်ကြား တရားဝင် ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်ခဲ့ပါဘူး။ ခုတော့ ဂျပန်က ပိုင်တယ်လို့ ကြေညာထားတဲ့ အစ်တ်စုရု(ပ်)နဲ့ ခုနရှိယကျွန်းတွေ အပါအဝင် ကျွန်းတွေပေါ်မှာ စစ်သည်တွေအတွက် စစ်တန်းလျား ၇ ခု အပါအဝင် အဆောက်အအုံ ၃၀ ကျော်ကို ဆောက်ပြီးပြီ” လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

လာမယ့်နှစ်တွေမှာ ဆက်ပြီးဆောက်ဖို့ စီစဉ်ထားတဲ့ အဆောက်အအုံတွေက ဘယ်လို အမျိုးအစားတွေလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ 

4 months Ago
Up