စစ်ဘက်သုံးရိုင်ဖယ်

May 2, 2020

စစ်ဘက်သုံး ချေမှုန်းရေး ရိုင်ဖယ်များ ရောင်းချမှု ကနေဒါ တားမြစ်မည်

ကနေဒါနိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံး သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဘက်သုံး ချေမှုန်းရေး ရိုင်ဖယ်တွေ ရောင်းချတာကို တားမြစ်သွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက မေ ၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  အဲဒီလက်နက်တွေဟာ အချိန်အနည်းငယ်အတွင်း လူအများအပြားကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့  ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ အော့တဝါမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ထရူးဒိုးက ပြောခဲ့ပါတယ်။  ကနေဒါနိုင်ငံမှာ  အဲဒီလို လက်နက်တွေအတွက် နေရာမရှိဘူးလို့လည်း ထရူးဒိုးက ပြောဆိုပါတယ်။  လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကဖြစ်သွားခဲ့တဲ့ နိုဗာစကိုရှားပြည်နယ် လူအစုလိုက် ပစ်ခတ်မှု မတိုင်ခင်ကတည်းက  အဲဒီလိုတားမြစ်ဖို့ လုပ်ဆောင်နေတာလို့ ထရူးဒိုးက ပြောထားတာပါ။   အဲဒီပြည်နယ်မှာ ချေမှုန်းရေး ရိုင်ဖယ်ကိုင်  သေနတ်သမား ပစ်ခတ်မှုကြောင့်  လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။    သေနတ်ရောင်းချခွင့် တားမြစ်ချက်ကို မကြာခင်မှာ ကြေညာပြီး တားမြစ်ချက်မှာ ချေမှုန်းရေးရိုင်ဖယ် သေနတ်မျိုးပေါင်း အများအပြား ပါဝင်မယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောခဲ့ပါတယ်။
11 months Ago
Up