စစ်ပွဲနောက်ခံ

November 6, 2019

စစ်ပွဲနောက်ခံ သမိုင်းအက်ရှင်ဒရာမာရုပ်ရှင် - Midway နိုဝင်ဘာ ၈ ရက်ရုံတင်မည်(ရုပ်ရှင်နမူနာ)

စစ်ပွဲနောက်ခံ သမိုင်းနဲ့ အက်ရှင်ဒရာမာရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဟောလိဝုဒ်ရုပ်ရှင် - Midway ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမှာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Independence Day ၊ Godzilla ၊ The Patriot ၊ The Day After Tomorrow စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဂျာမန်ရုပ်ရှင်ဒါရိုက်တာ Roland Emmerich က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Midway ဆိုတာကတော့ ဒုတိယကမ္ဘာစစ်ကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ တိုက်ပွဲတခု ဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး ခြောက်လအကြာမှာတော့ ဂျပန်တွေဟာ အမေရိကန်တပ်တွေကို နောက်တကြိမ် အလစ်အငိုက်တိုက်ဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘဲ လုံးဝရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲကြီးတခုဖြစ်ခဲ့တာမို့ အဲဒီအခြေအနေတွေနဲ့အတူ ဒီရုပ်ရှင်ကားထဲမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ed Skrein ၊ Patrick Wilson ၊ Luke Evans ၊ Aaron Eckhart တို့နဲ့အတူ အဆိုတော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Nick Jonas နဲ့ Mandy Moore တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့  ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၃၀ အကုန်အကျခံရိုက် ကူးထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up