စစ်နဲ့ အကြမ်းဖက်ဝါဒဟာ လူသားတွေအတွက် အကြီးဆုံး ရှုံးနိမ့်မှုပဲလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောလိုက်ပါတယ်။
စိန့်ပီတာရင်ပြင်က တနင်္ဂနွေ မိန့်ခွန်းအတွင်း ထောင်နဲ့ချီတဲ့ ပရိသတ်ကို ပုပ်ရဟန်းမင်းကြီးက ခုလို ပြောလိုက်တာပါ။
အစိုးရတွေက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သားကောင်တွေကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ သူက သြဂုတ် ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။
“နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေက ချမှတ်ထားတဲ့ အကန့်အသတ်တွေကို လူတိုင်းက လိုက်နာဖို့ လိုအပ်တယ်။ လက်နက်မဲ့တွေနဲ့ ဆေးရုံ၊ ကျောင်း၊ ဝတ်ပြုရာ နေရာတွေနဲ့ ဒုက္ခသည်စခန်းတို့လိုမျိုး အရပ်ဘက် အဆောက်အဦတွေကို ကာကွယ်ဖို့လည်း ပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက်ဝါဒဟာ လူသားထုတရပ်လုံးအတွက် အကြီးဆုံး ဆုံးရှုံးမှုဆိုတာ အမြဲတမ်း မမေ့ကြစို့” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။
စစ်ပွဲတွေမှာ လူသားချင်း စာနာစိတ်နဲ့ ဆက်ဆံရေး နိုင်ငံတကာဥပဒေ စံချိန်စံညွှန်းတွေကို ချမှတ်ဖို့ ဒုတိယကမ္ဘာစစ်အပြီးမှာ ချုပ်ဆိုခဲ့တဲ့ ဂျီနီဗာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ နှစ် ၇ဝ ပြည့်ပြီလို့လည်း ပုပ်ရဟန်းမင်းကြီးက အသားပေး ပြောဆိုပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
စစ္ႏွင့္အၾကမ္းဖက္ဝါဒက လူသားအတြက္ အႀကီးဆုံး ရႈံးနိမ့္ဟု ပုပ္ရဟန္းမင္းႀကီးေျပာ
စစ္နဲ႔ အၾကမ္းဖက္ဝါဒဟာ လူသားေတြအတြက္ အႀကီးဆုံး ရႈံးနိမ့္မႈပဲလို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေျပာလိုက္ပါတယ္။
စိန႔္ပီတာရင္ျပင္က တနဂၤေႏြ မိန႔္ခြန္းအတြင္း ေထာင္နဲ႔ခ်ီတဲ့ ပရိသတ္ကို ပုပ္ရဟန္းမင္းႀကီးက ခုလို ေျပာလိုက္တာပါ။
အစိုးရေတြက လက္နက္ကိုင္ပဋိပကၡေတြရဲ႕ သားေကာင္ေတြကို ကာကြယ္ဖို႔ မရွိမျဖစ္ လိုအပ္တယ္လို႔ သူက ၾသဂုတ္ ၁၁ ရက္မွာ သတိေပးလိုက္ပါတယ္။
“ႏိုင္ငံတကာ လူသားခ်င္း စာနာမႈဆိုင္ရာ ဥပေဒေတြက ခ်မွတ္ထားတဲ့ အကန႔္အသတ္ေတြကို လူတိုင္းက လိုက္နာဖို႔ လိုအပ္တယ္။ လက္နက္မဲ့ေတြနဲ႔ ေဆး႐ုံ၊ ေက်ာင္း၊ ဝတ္ျပဳရာ ေနရာေတြနဲ႔ ဒုကၡသည္စခန္းတို႔လိုမ်ိဳး အရပ္ဘက္ အေဆာက္အဦေတြကို ကာကြယ္ဖို႔လည္း ပါတယ္။ စစ္ပြဲနဲ႔ အၾကမ္းဖက္ဝါဒဟာ လူသားထုတရပ္လုံးအတြက္ အႀကီးဆုံး ဆုံးရႈံးမႈဆိုတာ အၿမဲတမ္း မေမ့ၾကစို႔” လို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေျပာပါတယ္။
စစ္ပြဲေတြမွာ လူသားခ်င္း စာနာစိတ္နဲ႔ ဆက္ဆံေရး ႏိုင္ငံတကာဥပေဒ စံခ်ိန္စံၫႊန္းေတြကို ခ်မွတ္ဖို႔ ဒုတိယကမာၻစစ္အၿပီးမွာ ခ်ဳပ္ဆိုခဲ့တဲ့ ဂ်ီနီဗာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ႏွစ္ ၇ဝ ျပည့္ၿပီလို႔လည္း ပုပ္ရဟန္းမင္းႀကီးက အသားေပး ေျပာဆိုပါတယ္။
2 years Ago