စစ်နိုင်သည့်နည်း

May 17, 2020

၁ နာရီအတွင်း ကိုရိုနာရှိ မရှိ စစ်နိုင်သည့်နည်း အာဂျင်တီးနားသိပ္ပံပညာရှင်များ တီထွင်

အာဂျင်တီးနားသိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊မရှိကို ၁ နာရီအတွင်း စစ်ဆေး နိုင်တဲ့ မြန်ဆန်ကုန်ကျစရိတ်နည်းတဲ့ နည်းလမ်းကို တီထွင်နိုင်ခဲ့ပြီလို့ အာဂျင်တီးနားအစိုးရက ကြေညာလိုက်ပါတယ်။  အာဂျင်တီးနားသမ္မတ အယ်လ်ဘာတို ဖာနန်ဒက်စ်က နီယိုကစ် ကိုဗစ်နိုင်တင်း NEOKIT COVID-19 လို့ ခေါ်တဲ့ ဒီဈေးသက်သာပြီး မြန်ဆန်တဲ့ စစ်ဆေးနည်းကို နိုင်ငံရဲ့ အစားအသောက်နဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဌာနကလည်း အတည်ပြုပေးပြီးပြီလို့ နိုင်ငံပိုင်ရုပ်သံမှာ မေ ၁၅ ရက် မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။  အစိုးရဟာ ပထမဆုံး ဆေးစစ်မှု ၁ သောင်းကို လာမယ့် ၁၀ ရက်အတွင်း လုပ်သွားမယ်လို့ သိရပါတယ်။  လက်ရှိမှာ နိုင်ငံအားလုံးမှာ ဆေးစစ်နေတဲ့ PCR test စစ်နည်းကတော့ ခန့်မှန်းခြေ ၇ နာရီ ကြာတယ်လို့ ဆိုပါတယ်။  အာဂျင်တီးနားဟာ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ကန့်သတ်မှု လော့ဒေါင်းချထားဆဲ ဖြစ်ပြီး မေလ ၁၇ ရက် စာရင်းအရ အတည်ပြုလူနာ ၇၄၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။  
11 months Ago
Up