.စစ်တွေ

A d v e r t i s e m e n t With Us

February 1, 2021

တပ်မတော်အာဏာသိမ်းအပြီး စစ်တွေမြို့မြင်ကွင်းများ

မြန်မာ့တပ်မတော်က ဒီနေ့မနက် အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့မှာတော့ နေ့လယ်ပိုင်းအထိ ပုံမှန်သွားလာနေကြတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို ပိတ်ထားပြီး ခြံဝင်းထဲမှာတော့ စစ်ကားတစ်စီးနဲ့ စစ်သားတချို့က လုံခြုံရေးယူထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးကို သော့ခတ်ပိတ်ထားပြီး ရခိုင်အမျိုးသားပါတီ (ANP) ရုံးကတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားကာ ပါဝင်တီတချို့ကိုလည်း တွေ့ရပါတယ်။

စစ်တွေမြို့မစျေးကြီးမှာတော့ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာဝယ်ယူနေကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးခြံဝင်းထဲမှာ စစ်သားတချို့ ရှိနေတာ က လွဲလို့ လုံခြုံရေးတော့ မတိုးမြှင့်ထားပါဘူး။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ယာယီထိန်းသိမ်းခံထားရတယ်လို့သိရပြီး တခြားဘယ်သူတွေ ပါနေသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Photo - KaungMratNaing / MPA

1 month Ago
Up