စစ်တွေမြို့နယ်

November 9, 2020

စစ်တွေမြို့နယ်တွင် ရခိုင်အမျိုးသားပါတီက လွှတ်တော်သုံးရပ်လုံး အနိုင်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP) က အမတ်နေရာ ၄ နေရာလုံး အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က အတည်ပြုပြောကြားပါတယ်။ "ဒီနေ့မနက် ၆ နာရီ ၂၀ မိနစ်မှာ မဲရေတွက်လို့ပြီးတယ်။ ANP က ၄ နေရာလုံး အပြတ်အနိုင်ရရှိခဲ့ပါတယ်။ နောက်မြို့နယ်တွေအချို့မှာလည်း အနိုင်ရတာတွေရှိတယ်။ ဒါပေမဲ့ UEC က ထုတ်ပြန်တာကိုပဲ စောင့်ရမယ်။ စစ်တွေကတော့ မဲရေတွက်ပြီး အတည်ပြုလိုက်ပါပြီ” လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ နေရာမှာ အနိုင်ရရှိခဲ့တာလို့  ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်တွေခရိုင် ပေါက်တော၊ ပုဏ္ဏကျွန်း၊ ရသေ့တောင် မြို့နယ်တွေမှာ လုံခြံရေးအရ ရွေးကောက်ပွဲကျင့်ပခွင့် မရရှိခဲ့ဘဲ စစ်တွေမြို့နယ်တခုတည်းသာ ကျင့်ပခွင့်ရရှိပြီး ANP ပါတီက ၄ နေရာလုံး အနိုင်ရရှိခဲ့တာပါ။ သတင်း - လင်းလက်
1 year Ago

November 8, 2020

စစ်တွေမြို့နယ်က မွတ်ဆလင်ဒုက္ခသည်အချို့ မဲပေး (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာအုပ်စု မဲရုံအမှတ်(၁)မှာ  ဒီကနေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက်  မွတ်ဆလင်ဒုက္ခသည်တချို့လာရောက်မဲပေးခဲ့ကြပါတယ်။ ဒီမဲရုံမှာ ခေါင်းဒုက္ကာ၊ ဆေးသမား၊ ဥယျာဉ်သာကျေးရွာအုပ်စု‌တွေနဲ့ ဒုက္ခသည်စခန်းတချို့က မွတ်ဆလင်၊ ကမန်၊ ဟိန္ဒူ မဲဆန္ဒရှင် ၂၃၅ ဦးသာ မဲစာရင်းမှာ ပါဝင်ပါတယ်။ ဒီနေရာက ဒုက္ခသည်တွေဟာ ၂၀၁၂ ပဋိပက္ခတုန်းက အိုးအိမ်စွန့်ခွာထွက်ပြေး လာကြသူတွေဖြစ်ပြီး သူတို့ဘဝအခြေအနေတွေကို ကောင်းမွန်အောင်လုပ်ပေးနိုင်မယ့် အစိုးရကို အလိုရှိတာမို့ မဲလာပေးတာလို့ မွတ်ဆလင်ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Photo  - Kaung Mrat Naing / MPA
1 year Ago
More News
Up