စစ်တွေတက္ကသိုလ်ကျောင်းသားများ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံဆန္ဒပြ

January 29, 2020

စစ်တွေတက္ကသိုလ်ကျောင်းသားများ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံဆန္ဒပြ

မန္တလေးတက္ကသိုလ်ကျောင်းသားများသပိတ်နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီကနေ့  စစ်တွေတက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။ ဆန္ဒပြကျောင်းသားတွေက ကျောင်းအဝင်ကားလမ်းတွေ ကောင်းမွန်ရေးနဲ့ ကျောင်းပါကင်နေရာတွေ ပြန်လည်ပြင်ဆင်ပေးရေးအပါအဝင်  ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။ ယင်းဆန္ဒထုတ်ဖော်တောင်းဆိုပွဲမှာ စစ်တွေတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ Photo - KaungMratNaing / MPA
1 year Ago
Up