စစ်တပ်၏အကြမ်းဖက်မီးရှို့မှု

September 9, 2021

မုံရွေး - ကြေးမုံ၌ စစ်တပ်၏အကြမ်းဖက်မီးရှို့မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေး - ကြေးမုံ တစ်ဝိုက်မှာ စက်တင်ဘာ ၈ ရက် မနက် ၄ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေ ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ဒေသခံ ရွာသားတချို့ သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီလက်နက်ကိုင်တပ်တွေက  ကား ၆ စီးနဲ့ ဝင်ရောက်မွှေနှောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် ရွာသား ၂ ဦးမှာ မီးလောင်ဒဏ်တွေနဲ့သေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ဒဏ်ရာရသူရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“မနေ့က စစ်တပ်က ကားတွေနဲ့ ဒီဘက်ကို ဝင်စီးတယ်။ ဘာအကြောင်းလဲဆိုတာတော့မသိဘူး။ နေအိမ်တွေမီးရှို့တာတွေ လုပ်ကြတယ်။ ဒီနေ့ မီးလောင်ဒဏ်ရာတွေနဲ့ နှစ်ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီမှာ ဒေသခံမောင်နှမနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဓာတ်ပုံ- ယခင် ပုံဟောင်း

2 years Ago
Up