စစ်တပ်ဝင်စီး

October 15, 2021

ယင်းမာပင်မြို့နယ် ​အောင်မိုး​ကျေးရွာကို စစ်တပ်ကဝင်စီး၊ ရွာသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်​ချောင်အုပ်စု၊ အောင်မိုး​ကျေးရွာကို ​အောက်တိုဘာ ၁၄ ရက် ညပိုင်းက စစ်​ကောင်စီတပ်​ဖွဲ့ဟာ ​သေနတ်ပစ်​ဖောက်ဝင်လာပြီး ​ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညပိုင်း ၈ နာရီ​ကျော်က စစ်​ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်​လောက်ဟာ ​​သေနတ်တွေ ပစ်​ဖောက်ပြီး ဝင်လာတာ​ကြောင့် ​ဒေသခံပြည်သူ​တွေ ​ကြောက်လန့်တကြီး ထွက်​ပြေးကြရာက​နေ ရွာသား ၁၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်​တွေဟာ ​ကျေးရွာအတွင်းက အိမ်တစ်အိမ်မှာ PDF ​တွေရှိတယ်ဆိုပြီး သတင်း​ပေးမှု​ကြောင့် ဝင်လာတာလို့သိရပါတယ်။

ရိုက်နှက်ဖမ်ဆီးခံခဲ့ရတဲ့ ရွာသားတွေကို လတ်တလော  ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ရွာသားတွေက ဆိုပါတယ်။

​အောင်မိုး​ကျေးရွာဟာ စစ်မှုထမ်း​ဟောင်းအများစု​နေထိုင်တဲ့ ​အောင်​ဇေယျမြို့သစ်ရပ်ကွက် အနားမှာရှိပြီး  ဒီက​နေ့ အောက်တိုဘာ ၁၅ ရက်မှာလည်း စစ်​ကောင်စီတပ်​တွေ ထပ်မံလာရောက်မယ်ဆိုတဲ့သတင်း​ကြောင့် ​ဒေသခံပြည်သူ​တွေ ​နေအိမ်​တွေမှာမ​နေရဲဘဲ ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

2 months Ago

September 16, 2021

နတ်မောက်မြို့နယ်ရှိ လက်ခုပ်ပင်ရွာကို စစ်တပ်ဝင်စီး၊ ရွာသားများ တိမ်းရှောင်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက လက်ခုပ်ပင်ရွာကို စက်တင်ဘာ ၁၅ ရက်ညက အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်အင်အား ၄၀ ကျော် လောက်ဟာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီး ရွာကို ဝင်ရောက်စီးနင်းထားတာကြောင့်  အိမ်ခြေ ၅၀၀ လောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လက်ခုပ်ပင် ရွာသား တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အဲဒီရွာမှာရှိတဲ့ လူငယ်ခေါင်းဆောင် ကိုဖြူကြီးကို လာဖမ်း တာဖြစ်ပြီးတော့ ဖမ်းမမိတဲ့အတွက် ဒီကနေ့ မနက်ပိုင်းအထိ ကိုဖြူကြီးရဲ့ နေအိမ်မှာ တပ်စွဲ ထားကြတယ်လို့ ဆိုပါတယ်။

3 months Ago
Up