စစ်တပ်ပိုင်ဓာတ်ဆီဆိုင်

June 1, 2021

စစ်တပ်ပိုင်ဓာတ်ဆီဆိုင်တွင် ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်  ၇၈ လမ်း၊ ၄၁ လမ်း နဲ့ ၄၂ လမ်းကြားရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ စက်သုံးဆီအရောင်းဆိုင်ဝင်းအတွင်း ဇွန်လ ၁ ရက်နေ့က ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်ကာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ဆိုင်ကယ် ဆီဖြည့်မယ့်ပုံစံနဲ့ ရပ်ထားခဲ့တာဖြစ်ပြီး ဆိုင်ကယ်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ် အရွယ်နဲ့ အသက်  ၁၈ နှစ်အရွယ် စက်သုံးဆီဆိုင်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တာပါ။

မန္တလေးမြို့မှာ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီအထိ ဗုံးပေါက်တာ ၅ နေရာလောက်ထိရှိပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

8 months Ago
Up