စစ်တပ်ပစ်ခတ်

July 8, 2021

ကလေးမြို့နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် လက်သမား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဇူလိုင် ၇ ရက်နေ့က စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် လက်သမားတစ်ဦး သေဆုံးသွားပါတယ်။

“ကလေးမြို့ နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ထိုမာရွာကို မနက် ၈ နာရီလောက်က စစ်တပ်က ပတ်မွှေဖို့ လာတာထင်တယ်။ ဝင်လာရင်း သီတာထွန်း ဆန်စက်ရုံထဲကို ရွာသားတစ်ယောက်က တူမီးသွားဖွက်တာမြင်လို့ စက်ရုံနဲ့ အနီးတဝိုက်ကို စစ်တပ်တွေ ရမ်းပစ်တယ်။ ဆန်စက်မှာ လက်သမားလုပ်နေတဲ့ ကိုအေးမင်းက ကြောက်လန့်ပြီးထွက်ပြေးတော့ စစ်တပ်က သူတို့လှမ်းပစ်လို့ ဦးခေါင်းထိသွားပြီးသေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကိုအေးမင်းမှာ ဇနီးနဲ့ ကလေးတစ်ဦး ကျန်ရှိခဲ့ပြီး ရုပ်အလောင်းကို ဒီနေ့ နေ့လယ် သင်္ဂြိုဟ် ဖို့ရှိပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ကလေးမြို့မှာ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ  ၁၀ ယောက်လောက်ရှိပြီလို့ ဒေသခံက ပြောပါတယ်။

5 months Ago

April 29, 2021

အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့်ကျဆုံးသွားသည့် တာန်ထန်မွမ်းလျန်၏ ဈာပန

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  သေဆုံးသွားခဲ့တဲ့ ချင်းတိုင်းရင်းသား ကျောင်းသားလူငယ် တာန်ထန်မွမ်းလျန်ရဲ့ ဈာပနအခမ်းနားကို  ဧပြီ ၂၉ ရက် ဒီနေ့ ညနေ ၃ နာရီက ကျင်းပခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်နေ့ညက  ဓာတ်ဆီဆိုင်မှာ ညစောင့်တာဝန်ထမ်းဆောင်ဖို့ သွားတဲ့ တာန်ထန်မွမ်းလျန်ကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာပါ။ 

ကျဆုံးသွားခဲ့သူတဲ့ တာန်ထန်မွမ်းလျန်ဟာ ကလေးတက္ကသိုလ် သမိုင်းမေဂျာအထူးပြု ပထမနှစ်ကျောင်းသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

7 months Ago
More News
Up