စစ်တပ်နှင့်ရဲဖြိုခွင်း

March 11, 2021

ထားဝယ်သပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်း

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့မနက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းတခုကို ဒီနေ့မနက် စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းနေတယ်လို့ ထားဝယ်ဒေသခံ တဦးက ပြောပါတယ်။

“ထားဝယ် ဝဲကျွန်းရပ်ကွက် ၄ လမ်းနဲ့ သရက်ပင်ကြီး လမ်းစုံမှာ မနက် ၉ နာရီခွဲကျော် စပြီး ပစ်တာ။ မျက်ရည်ယိုဗုံးတွေရော၊ ကျည်ကတော့ အစစ်လား အတုလား မသိရဘူး။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆန္ဒပြသူတွေ လူစုခွဲပြီး တိမ်း‌ရှောင်သွားကြကာ ဒဏ်ရာရသူ ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထားဝယ်မြို့က နောက်ထပ် ကြက်စားပြင် သပိတ်စစ်ကြောင်းမှာတော့ ဒီနေ့မနက် ၉ နာရီ ၄၀ အထိ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းတာတွေ မရှိသေးဘဲ အေးဆေးစွာ ထိုင်သပိတ်ဆင်နွှဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်အချို့က ဟောပြောနေကြတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

ကိုရန်နိုင် (ထားဝယ်)

ပုံစာ- ကြက်စားပြင်သပိတ်စစ်ကြောင်း

9 months Ago
Up