စစ်တပ်ထောက်ခံသည့်အဖွဲ့

February 18, 2021

ဝမ်းတွင်းတွင် ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ထားသည့် တပ်ထောက်ခံပွဲဦးဆောင်သူ ၃ ဦးအမှု ရုပ်သိမ်း

မန္တလေးတိုင်း ဝမ်းတွင်းမြို့ မြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတဲ့ တပ်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို တရားလိုဘက်က အမှုရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက "ဒီနေ့ပဲ တရားလိုက အမှုရုပ်သိမ်း ပါတယ်။ အမှုပြီးပြတ်သွားလို့ ၃ ဦးလုံး လွတ်သွားပါပြီ" လို့ DVBကို ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့လယ်က လူအင်အား ၂၇ ဦးနဲ့ ဝမ်းတွင်းမြို့ အမှတ် ၃ ရပ်ကွက် ပြည်သူ့ အားကစားကွင်းက စတင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ရာ အမှတ် ၂ ရပ်ကွက် မေခလာ ဟစ်တိုင်ကွင်းမှာ ငြိမ်းချမ်းစွာစုဝေးဟောပြောခဲ့ပြီး ဝန်းရံလူအင်အား ၃၀၀ ကျော်သွားတာကြောင့် ဦးဆောင်သူ ဦးမောင်ဆင့်၊ ဦးသန်းဆွေနဲ့ ဦးဇော်မင်းတို့ ၃ ဦးကို ပုဒ်မ ၃ ခုနဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

        တောင်ဆည်ရွာနေ ဦးသန်ဆွေကတော့ ဇန်နဝါရီ ၁၇ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပြီး ရွှဲသီးရွာနေ ဦးဇော်မင်း နဲ့ တဲစုရွာနေ ဦးမောင်ဆင့်တို့ကတော့ တိမ်းရှောင်သွားခဲ့ရာမှ ဇန်နဝါရီ ၂၅ ရက်က လာရောက်အဖမ်းခံကြတာလို့ သိရပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးက သတ်မှတ်ထားသောစည်းကမ်းတရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်တာ ကြောင့် တရားလိုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေမှာတော့ တရားလို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူးတို့က အမှုရုပ်သိမ်းပေးခဲ့တာကြောင့် မြို့နယ်တရားသူကြီးက စွဲချက်မတင်မီ အမှူရုပ်သိမ်းခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

2 years Ago

February 8, 2021

စစ်တပ်ကို ထောက်ခံသည့်အဖွဲ့များ သုဝဏ္ဏကွင်းရှေ့လူစုပြီး စတင်ထွက်ခွာ

စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတဲ့အဖွဲ့ဟာ ရန်ကုန် သုဝဏ္ဏအားကစားကွင်းရှေ့မှာ လူစုပြီး ကားတွေနဲ့ ထွက်သွားပြီ ဖြစ်ပါတယ်။

လက်ငါးချောင်းထောင်ထားတဲ့ပုံနဲ့ STOP ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ထားပြီး ကား ၁၅ စီးလောက်နဲ့ တာမွေဘက်ကနေ မြေနီကုန်းဘက်ကို သွားနေတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

အလားတူ ပုဇွန်တောင်မြို့နယ်က ကြံ့ခိုင်ရေးပါတီဝင်တွေဟာလည်း နိုင်ငံတော်အလံတွေနဲ့အတူ ကားတွေနဲ့ ထွက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

2 years Ago
Up