စစ်တပ်က အကြမ်းဖက်ဖြိုခွင်း

March 9, 2021

ကျောက်ပန်းတောင်းမြို့ သပိတ်စုရပ်ကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ ပြည်သူတွေရဲ့ သပိတ်စုရပ်ကို မတ်လ ၉ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်က   စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့်  ဦးခေါင်းထိမှန်သူအပါအဝင် ၃ ယောက် ဒဏ်ရာ ရခဲ့ပြီး ကျောင်းသားတချို့ အဖမ်းခံခဲ့ရတာပါ။

ဒါ့အပြင် ကာထားတဲ့ အကာအရံတွေကို သယ်သွားတာ၊ စျေးအနီးမှာရှိတဲ့ ဆိုင်ကယ်နဲ့ စျေးအတွင်း ချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို ယူဆောင်သွားခဲ့ပြီး မြို့တွင်းမှာလည်း သေနတ်ပစ်ဖောက်ခဲ့ပါတယ်။

9 months Ago
Up