စစ်တပ်က ဓားဖြင့်မွှန်း

March 30, 2021

ဆိုက္ကားဆရာ ၁ ဦး၏ မျက်နှာကို အကြမ်းဖက်စစ်တပ်က ဓားဖြင့်မွှန်းသွား

ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဒီကနေ့ အသက် ၄၀ ဝန်းကျင် အရွယ် ဆိုက္ကားဆရာ ၁ ဦးရဲ့ မျက်နှာကို ဓားနဲ့မွှန်းသွားလို့ ဒဏ်ရာရရှိသွားပါတယ်။
ဆန္ဒပြလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းတဲ့အသံတွေ ကြောင့် ဆိုက္ကားနဲ့ ဆီပုံးသယ်လာတဲ့ အဆိုပါအမျိုးသားက ဆိုက္ကားနဲ့ တွန်းပြေးရင်း ဆီပုံးတွေ လမ်းပေါ်ပြုတ်ကျခဲ့လို့ ပြန်လည်ကောက်ယူနေစဉ် စစ်တပ်ကခေါ်ကာ မျက်နှာအား ဓားနဲ့ မွှန်းလိုက်ရာ ၁ လက်မကျော် ပေါက်ပြဲသွားပြီး အတွင်းသားတွေ မြင်ရတဲ့အထိနက်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
Photo - Zin Ye Htet / MPA

8 months Ago
Up