စစ်တပ်က ခြိမ်းခြောက်

September 12, 2021

မန္တလေး ကျူးကျော်နေအိမ်များကို အမြန်ဆုံးဖယ်ရှားရန် စစ်တပ်က ခြိမ်းခြောက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် အရှေ့ခြမ်းရှိ ကျူးကျော်နေအိမ်တွေကို အမြန်ဆုံးဖယ်ရှားပေးကြဖို့ စစ်ကောင်စီတပ်သားတွေက  ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေရာမှာ ကျူးကျော်နေထိုင်သူ အများအပြားရှိပြီး စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလ ၁၄ ရက်နောက်ဆုံးထားဖယ်ပေးဖို့ စက်တင်ဘာလ ၇ ရက်နေ့က လာရောက်ပြောဆိုတယ်လို့ ဆိုကြပါတယ်။

“ဖယ်မပေးရင် ဘူဒိုဇာနဲ့ ထိုးမယ်။ သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်။ အခုတော့ တချို့တွေ ရွှေ့ပြောင်းတာလုပ်နေပြီ။ ကျူးကျော်နေတဲ့သူက ၄၄ လမ်း တစ်လျှောက်ပဲ။ အိမ်ခြေရာနဲ့ချီပြီး ရှိတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကြောင့် ကျူးကျော်နေထိုင်သူတွေမှာ အလုပ်အကိုင်အဆင်မပြေဘဲ စားဝတ်နေရေး အခက်အခဲရှိကြတယ်လို့ သိရပါတယ်။

2 years Ago
Up