စစ်တပ်က ချိုးဖျက်ဝင်ရောက်

February 10, 2021

ဗဟန်း NLD ဌာနချုပ်နှင့် တာမွေ အလုပ်အမှုဆောင်အဖွဲ့ရုံးကို စစ်တပ်က ချိုးဖျက်ဝင်ရောက်

ဖေဖော်ဝါရီ ၉ ရက်နေ့ည ၁၀ နာရီလောက်က ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ် ဌာနချုပ် အဆောက်အဦနဲ့ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ရုံးအဆောက်အဦ တို့ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့တယ်လို့ ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။

အခုလို့ အန်အယ်လ်ဒီ ရုံးအဆောက်ဦတွေကို ဉပဒေမဲ့ ချိုးဖောက်ဝင်ရောက်ပြီး စာရွက်စာတမ်းတွေ၊ ကွန်ပျူတာဟာ့ဒစ်တွေ ယူဆောင်သွားတဲ့ ဥပဒေမဲ့ တရားမဲ့ပြုကျင့်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း ဦးကြည်တိုးက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက ပြောကြားထား ပါတယ်။

10 months Ago
Up