စစ်ဆေးရေးဂိတ်

May 28, 2021

မိုးမိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ပြန်ဖွင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ မေ  ၂၈ ရက်က ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ် စစ်ဆေးနေပြီး ခရိုင်ကြက်ခြေနီအသင်းက အခြေခံပညာကျောင်းတွေမှာ ပိုးသတ်ဆေးလိုက် ဖျန်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမိတ်မြို့အဝင်မှာ စစ်ဆေးရေးဂိတ်ထားရှိပြီး ဝင်လာသူတိုင်းကို စစ်ဆေးနေကာ mask ဝေပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ခရိုင်ကြက်ခြေနီအသင်းကလည်း အခြေခံပညာမူလတန်းကျောင်းတွေမှာ ပိုးသတ်ဆေး လိုက်လံ ဖျန်းပေးနေတယ်လို့ သိရပါတယ်။

2 weeks Ago

November 28, 2020

လားရှိုးမြို့ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ခရီးသည်ခိုးသွင်းသူ ၃ ဦးအား ဖမ်းဆီး

ရှမ်း‌ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်း ခရီးသည်တွေ ခိုးသွင်းသူ ၃ ဦးအား ဖမ်းဆီးထားပြီး သဘာဝ‌ဘေးစီမံဥပ‌ဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ လားရှိုးမြို့အဝင် မယ်ဟန်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်းဝင်ရောက်လိုတဲ့ ခရီးသည်တွေအား ခိုးသွင်းလာသူ ဆိုင်ကယ်ကယ်ရီ ၁ ဦးနဲ့ ကားသမား ၂ ဦးတို့ကို  နို၀င်ဘာ ၂၇ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်း စခန်းမှူး ဦးမြင့်ကျော်က ပြောပါတယ်။ မယ်ဟန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ရွာလမ်းကနေ ခိုးသွင်းသူ ၃ ဦးနဲ့ ခရီးသည် ၅ ဦးတို့ကို ပညာရေးကောလိပ်ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါတယ်။   သူတို့ကို Test Kit နဲ့ စစ်ဆေးလို့ ပိုးမတွေ့ပါက ခိုးသွင်းသူ ၃ ဦးကို သဘာဝဘေးစီမံခန့်ခွဲ‌မှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ စခန်းမှူး ဦးမြင့်ကျော်က နိုဝင်ဘာ ၂၈ နေ့က ပြောပါတယ်။ လားရှိုးမြို့တွင်း  ခိုးသွင်းသူတွေ၊ အားပေးအားမြှောက်ပြုသူတွေကို သဘာဝဘေး စီမံခန့်ခွဲရေးဥပဒေ အမြင့်ဆုံးပြစ်ဒဏ်နဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ကြေညာထားပါတယ်။
7 months Ago
More News
Up