စစ်ဆေးတွေ့ရှိ

September 18, 2020

ဟိုတယ်ခန်း ရေပုလင်းမှတဆင့် နာဗယ်ညီ အဆိပ်မိကြောင်း စစ်ဆေးတွေ့ရှိ

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီကို အဆိပ်ခတ်ရာမှာ သုံးတဲ့အာရုံကြော အဆိပ်ဟာ နဂိုထင်ထားတဲ့လေဆိပ်မှာ မိတာမဟုတ်ဘဲ ဟိုတယ်ခန်းရေပုလင်းကနေ တွေ့ရှိ တယ်လို့ နာဗယ်ညီအဖွဲ့က စက်တင်ဘာ ၁၇ ရက်မှာ ပြောဆိုပါတယ်။  နာဗယ်ညီဟာ ပြီးခဲ့တဲ့လက ပြည်တွင်းလေယာဉ်ပေါ်မှာ နေမကောင်းဖြစ်ပြီး လဲကျသွားခဲ့ ပါတယ်။  အဲဒီနောက် သူ့ကို ဆိုက်ဘေးရီးယား အွမ့်စ်ဆေးရုံကနေ ဂျာမနီ ဘာလင်မြို့ဆေးရုံကို လေယာဉ်နဲ့ ခေါ်သွားခဲ့ပါတယ်။  ဂျာမနီအစိုးရက နာဗယ်ညီ နိုဗီချော့အဆိပ်ခတ်ခံရတယ်လို့ ပြောဆိုပေမယ့် ရုရှားအစိုးရကတော့ သူအဆိပ်ခတ်ခံရတဲ့ အထောက်အထား မတွေ့ဘူးလို့ ဆိုပါတယ်။  နာဗယ်ညီရဲ့အင်စတာဂရမ်အကောင့်မှာ တင်တဲ့ပို့စ်မှာ နာဗယ်ညီရဲ့အဖွဲ့သားတွေ သူတည်းခိုခဲ့တဲ့ အခန်းအတွင်းရှာဖွေနေတဲ့ ဗွီဒီယိုကို တင်ထားပါတယ်။  သူ့အဖွဲ့သားတွေဟာ တခြားပစ္စည်းတွေနဲ့အတူ ရေသန့်ပုလင်းအများအပြားကို အိတ်ထဲ ထည့်ခဲ့ပါတယ်။  နှစ်ပတ်လောက်ကြာတဲ့အခါ ဂျာမန်ဓာတ်ခွဲခန်းက တွမ့်ဟိုတယ်ခန်းရဲ့ ရေသန့်ပုလင်းမှာ နိုဗီချော့အဆိပ်ကို တွေ့ရှိခဲ့တာလို့ ရိုက်တာက ဖော်ပြပါတယ်။ 
1 year Ago
Up