စစ်ဆေးချက်

August 29, 2020

ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိ 

သြဂုတ် ၂၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၁၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၂ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၀၀ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၂၄ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) က ၃ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့က ၁၁ ခုနဲ့ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) က ၂၀၁ ခု၊ စုစုပေါင်း ၁၄၇၄ ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိရပါတယ်။   မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးအနက် ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။
8 months Ago

July 20, 2020

ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့

ဒီနေ့ ဓာတ်ခွဲနမူနာ ၁၀၀၀ ကျော်ကို ပထမအသုတ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အခုည ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ ဓာတ်ခွဲနမူနာ အခု ၃၈၀၊  ဆေးသုတေသနဦးစီးဌာနမှာ ၁၂၈ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှာ ၇၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှာ ၂၅၆ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ မှာ ၁၈၂ ခု ကို ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ ဒါကြောင့် ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ယောက်ရှိပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၂၂ ယောက်ရှိပါတယ်။ ဒီနေ့မှာတော့ အတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးတာမှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၂ ယောက်ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ ၂၇၈ ယောက်ရှိပြီး ၂၆၅ ယောက်ကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ ညပိုင်းအထိ ပိုးတွေ့လူနာပေါင်း ၁၄၇ သိန်းလောက်ရှိပြီး သေဆုံးသူ ၆၀၉,၆၁၉ ယောက် ရှိပြီလို့ သိရပါတယ်။
9 months Ago
More News
Up