စစ်ဆေးခံရမည်

A d v e r t i s e m e n t With Us

January 8, 2021

ညစ်ညမ်းဗီဒီယိုဖြင့် ငွေညှစ်မှုအတွက် ဘန်ဇီမာ စစ်ဆေးခံရမည်

လက်ရွေးစင်အသင်းဖော် ဗယ်ဘူနာပါဝင်တဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ငွေညှစ်ဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့မှုကြောင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာဟာ စစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၅ နှစ် အာမေးနီးယားနဲ့ ခြေစမ်းပွဲ မတိုင်ခင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်ဇီမာဟာ ဗယ်ဘူနာကို ငွေညှစ်ဖို့ကြိုးစားမှုနဲ့ စွပ်စွဲခြင်း ခံထားရပါတယ်။  ဒါ့ကြောင့် ဘန်ဇီမာကို ရက်မသတ်မှတ်ရသေးတဲ့ နေ့တစ်ခုမှာ တရားရုံးကိုလာ  ရောက်အစစ်ဆေးခံဖို့ ဗာဆီးလတ်အစိုးရရှေ့နေရုံးက အကြောင်းကြားထားတယ်လို့လည်း AFP သတင်းမှာ  ဖော်ပြပါတယ်။  ဒါဟာ လုံးဝမတရားမှုဖြစ်ကြောင်းနဲ့ ဘန်ဇီမာဟာ ဒီကိစ္စအတွက် လုံးဝရှက်ရွံ့ခြင်း ဖြစ်စရာမလိုဘူးလို့ တိုက်စစ်မှူးရဲ့ ရှေ့နေက ပြောပါတယ်။   ဒါပေမဲ့ ဗယ်ဘူနာရဲ့ရှေ့နေကကတော့ ဒီစစ်ဆေးခြင်းဟာ လူပေါင်းများစွာကို အခြေပြုပြီး စနစ်တကျဖြစ်ပေါ်လာတဲ့ ယုတ္တိကျကျ ရှေ့ဆက်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘန်ဇီမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မကြာခဏဆိုသလို မေးမြန်းခြင်းခံခဲ့ရပြီး  လိုင်ယွန်တိုက်စစ်မှူးဟောင်းကတော့ ဗယ်ဘူနာဟာ သူ့ကို နာမည်ဖျက်ဖို့ သက်သက်လုပ်ဆေင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။  ၂၀၁၇ ခုနှစ်အင်တာဗျူးတစ်ခုမှာ ဘန်ဇီမာက “ ဒီကိစ္စမှာကျနော်ပါနေမှန်း သိရင်သူ အမှု မဖွင့်မခဲ့ပါဘူးလို့ ဗယ်ဘူနာက ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ တစ်နှစ်ခွဲလောက်  ကျနော်ဟာ သူ့အတွက် အဆိုးရွားဆုံးရန်သူ၊ လူဆိုး၊ လူယုတ်မာတစ်ယောက်ဖြစ်ခဲ့ပြီး ကျနော်ကို အပြစ်ပေးဖို့ ကျနော့် နာမည်နဲ့မိသားစု ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။ အခုဆိုရင်ကျနော့် အခင်ရဆုံး မိတ်ဆွေနဲ့မတွေ့ရတာလည်း ၂ နှစ်နီးပါးရှိပါပြီ။ အဲ့လိုမှ မဟုတ်ရင်လည်း ကျနော်တို့ ဖမ်းဆီး ထောင်ချခံရနိုင်ပါတယ်။ အခုချိန်ထိ သူ့ဘက်က တိတ်ဆိတ်နေပါတယ်။ ဒီကိစ္စကို အဆုံးသတ်လိုက်သင့်ပါတယ်။ သူဘာ့ကြောင့် ကျနော်ပါတယ်လို့ ထပ်ခါထပ်ခါ ပြောနေသလဲ ဆိုတာကိုတော့ မသိတော့ပါဘူ” လို့ပြောပါတယ်။  ဗယ်ဘူနာရဲ့ကိစ္စမှာ သူ့ဘက်က ဘာအမှားမှ မလုပ်ခဲ့ဖူးလို့ ဘန်ဇီမာက ငြင်းဆိုထားပေမဲ့ ဒီကိစ္စကြောင့် သူဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။   အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့နောက်ဆုံးလက်ရွေးစင်ပွဲကို ၂၀၁၅ နိုဝင်ဘာလမှာ ကစားခဲ့တာဖြစ်ပြီး ကလပ်အသင်းမှာ အကောင်းမွန်ဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမဲ့လည်း ပြင်သစ်လက်ရွေးစင်နည်းပြအဆက်ဆက်က သူ့ကို ရွေးချယ်ခြင်းမရှိခဲ့ပါဘူး။ 
2 months Ago

March 27, 2020

ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်း ကျန်းမာရေး စစ်ဆေးခံရမည်

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်ဖို့အတွက် ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသ ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်းကို ကျန်းမာရေး စစ်ဆေးတော့မယ်လို့ ဖားကန့်မြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ မတ် ၂၆ ရက်မနက်က ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံး မှာ ကျင်းပတဲ့ ဖားကန့်မြို့နယ် COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းဝေးမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။ ရောဂါကြိုတင်ကာကွယ်ဖို့ ကာမိုင်းမြို့အနီး ကာမိုးင်းဂိတ်၊ လုံးခင်းကျေးရွာအနီး လယ်ပြင်ဂိတ်၊ ဝေခါကျေးရွာအနီး ဆပ်ပြာချောင်းဂိတ်၊ ဆယ်ဇင်းကျေးရွာရှိ ဆယ်ဇင်းဂိတ်တွေမှာ ဝင်လာသမျှကားတွေပေါ် ပါသူအားလုံးကို ကျန်းမာရေး စစ်ဆေးဖို့ အစည်းဝေးက ဆုံးဖြတ်ပါတယ်။ ကျန်းမာရေးစစ်ဆေးရာမှာ ခြေမြန်တပ်မ (၃၃) မှ ရဲဘော်တွေ၊ အထူးရဲတိုက်ခိုက်ရေး ရဲတပ်ရင်းတွေက ရဲဘော်တွေ၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲဘော်တွေက လုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာခေါင်းဆောင်တွေက ပြောပါတယ်။ တပ်မ ၃၃ ခေတ္တတပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်းက “ဒီရောဂါပိုးဟာ ကြောက်နေဖို့ မလိုပါဘူး။ ကျနော်တို့ တဦးချင်းစီက ကျန်းမာရေး အသိရှိရှိနဲ့ ကြိုတင်ကာကွယ်နိုင်ရင် ကျနော်တို့ ဒီရောဂါကို တားဆီးနိုင်မှာပါ” လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ကူးစက်ခံရမှုရှိလာပါက တပ်ရိက္ခာဆန်တွေကို ပြည်သူတွေအတွက် ပေးဖို့ အဆင်သင့်လုပ်ထားတယ်လို့ ဆိုပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကြက်ခြေနီတွေ၊ ပရဟိတအဖွဲ့တွေ၊ ကျေးရွာတာဝန်ခံအဖွဲ့တွေဟာ ကျန်းမာရေး စစ်ဆေးတာတွေကို မတ် ၂၇ ရက်က ဧပြီလကုန်အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကျန်းမာရေးစစ်ဆေးတာအပြင် ဖားကန့်ဒေသထဲ ဝင်ရောက်လာသူတွေ နေထိုင်မယ့် လိပ်စာတွေကို မေးမြန်းမှတ်သားသွားမယ်လို့လည်း ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။ “စစ်ဆေးတဲ့နေရာမှာ စောင့်ကြည့်လူနာ၊ သံသယလူနာ၊ ကူးစက်လူနာဆိုပြီး သုံးမျိုး ခွဲထားမှာပါ။ ပြီးမှ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ။” စောင့်ကြည့်နဲ့ သံသယလူနာတွေကို တွေ့ရှိပါက သီးသန့်ထားဖို့ အဆောက်အအုံနဲ့ နေရာထိုင်ခင်းတွေ အဆင်သင့်ဆောင်ရွက်ထားတယ်လို့ ဖားကန့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက  ပြောပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ဖို့ ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းသွားမယ်လို့ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ် ဖားကန့်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြည့်လူနာ၊ သံသယလူနာနဲ့ ကူးစက်ခံရတဲ့လူနာတွေ ဒီနေ့အချိန်အထိ မတွေ့ရှိရသေးဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။ ဇော်မိုးထက်(ဖားကန့်)
12 months Ago
Up