စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု

October 19, 2020

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဗကသကျောင်းသားများ မန္တလေးတွင် ပြုလုပ် (ဓာတ်ပုံ)

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို  အောက်တိုဘာ ၁၉ ရက်နေ့မ နက်ပိုင်းက မန္တလေးမြို့ ညောင်ပင်စျေးမှာ  ဗကသ ကျောင်းသားတချို့က ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ရခိုင်နှင့် ချင်းပြည်နယ်တွင် 4G အင်တာနက် အမြန်ဆုံး ဖွင့်ပေးရေး၊ စစ်အာဏာရှင် စနစ်ကျဆုံးပါစေ စတာတွေ ကြွေးကြော်ကာ လက်ကမ်း စာရွက်တွေကို ညောင်ပင်စျေး အတွင်း ဖြန့်ကြဲခဲ့ကြပါတယ်။ ဖြန့်ကြဲတဲ့  စာရွက်တွေထဲမှာ  တပ်မတော် အလင်းဝင်ပါ၊ ဖက်ဆစ်စစ်တပ် ကျဆုံးပါစေ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ ဖမ်းဆီးခံကျောင်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး စတာတွေပါရှိပါတယ်။ Photo-Kaung Zaw Hein/MPA
2 years Ago
Up