စစ်ကျွန်ပညာ​ရေး

May 7, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသခံပြည်သူများ စစ်ကျွန်ပညာ​ရေး ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ​ကျောင်းသား မိဘ ဆရာ​တွေ အင်အားထောင်ချီပါဝင်တဲ့ ပူး​ပေါင်းသပိတ်ဟာ စစ်ကျွန်ပညာ​ရေးဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်အပြီး တိုင်ဖြုတ်ချရေးအတွက်  ​​မေလ ၇ ရက်​နေ့က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။

သပိတ်မှာပါဝင်တဲ့ CDM ပါ ပညာ​ရေးဝန်ထမ်းတစ်ဦးက "စစ်အာဏာရှင်လက်​အောက်မှာ ပညာသင်ကြားခဲ့ရစဉ်က  ​အရည်အချင်း​တွေနိမ့်ကျခဲ့ရဖူးလို့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်​တွေကို စစ်အာဏာရှင်လက်​အောက် စစ်ကျွန်ပညာ​ရေးကို မသင်ကြား​စေချင်သလို မိမိအ​နေနဲ့လည်း စစ်အာဏာရှင်လက်​အောက်မှာ တာဝန်မထမ်း​ဆောင်ဘူးလို့" ​ပြောပါတယ်။

​ကျောင်းသူ​လေးတစ်ဦးကလည်း"​အကြမ်းဖက်စစ်​ကောင်စီကပြုလုပ်မယ့် ကျောင်းအပ်နှံ​ရေးအချိန် ​ရောက်ရင် မိဘ​တွေအ​နေနဲ့လည်း မိမိတို့သားသမီးတွေကို ​ကျောင်းမအပ်ကြဖို့နဲ့ ​ကျောင်းသား​ကျောင်းသူတွေကလည်း ​ကျောင်းမတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒ​ပြသူတွေက လမ်း​လျှောက်သပိတ် ထိုင်သပိတ်​တွေပြုလုပ်ခဲ့ကြသလို ထန်း​တောကြီး အထက်တန်းကျောင်း​ပေါက်အဝင်မှာလည်း  Paper Strike သပိတ်  ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူး​ပေါင်းသပိတ်ဟာ အကြမ်းဖက်စစ်​ကောင်စီကို ပုံစံမျိုးစုံနဲ့ ​ဆန့်ကျင်​တော်လှန်​ခဲ့တာ ရက်​ပေါင်း ၅၈ ရက်​မြောက်​ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

7 months Ago
Up