စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်

May 10, 2021

မော်လမြိုင်မြို့က စစ်ကျွန်ပညာရေးဆန့်ကျင်လှုပ်ရှားမှု

မော်လမြိုင်မြို့ပေါ်  အ.ထ.က (၁၀) နဲ့ အ.လ.က (၃) ထခွဲ စာသင်ကျောင်း​တွေရှေ့မှာ မေလ ၁၀ ရက် မနက်ပိုင်းက ကျောင်းမတက်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကတော့ CDM မလုပ်တဲ့ ဆရာ၊ဆရာမတွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့လည်း ကျောင်းမတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ် သင်ကြားပေးမယ့် ပညာရေးစနစ်ဟာ ကျွန်ပညာရေးစနစ်သာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ဆိုကြပါတယ်။

7 days Ago

May 5, 2021

မန္တလေးမြို့က စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့မှာ မေလ ၅ ရက် မနက်ပိုင်းက စစ်အာဏာရှင်လက်အောက်က ဖက်ဆစ်ပညာရေးစနစ်ကို မသင်ယူရေး စာတွေ ကပ်ပြီးလှုပ်ရှားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖက်ဆစ်ပညာရေး ယန္တရားကို အသက်သွင်းဖို့ လုပ်နေတဲ့ ဆရာ ဆရာမ တွေရဲ့ ဓာတ်ပုံတွေပါ ကပ်ထားပြီး အလိုမရှိကြောင်း ပြသခဲ့ကြပါတယ်။

2 weeks Ago
Up