စစ်ကျန် ဗုံးသီးဟောင်း

January 6, 2021

မိတ္ထီလာမြို့နယ်တွင် စစ်ကျန် ဗုံးသီးဟောင်း ၄ လုံးတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာ၊ စျေးကုန်းဘုန်းတော်ကြီးကျောင်းတိုက် အတွင်း  ဇန်နဝါရီ ၅ ရက်က တံခွန်တိုင်တည်ဖို့ မြေကျင်းတူးရာက စစ်ကျန်ဗုံးသီးဟောင်း ၄ လုံးတွေ့တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းကနေ သိရပါတယ်။ မိတ္ထီအမှတ် ၂ ရဲစခန်းတာဝန်ကျရဲဝန်ထမ်း ၁ ဦးက "မြေကျင်းတူးရာက သံချေးတက်နေတဲ့ ဗုံးသီးဟောင်း ၄ လုံး တွေ့ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်းအပ်လိုက်ပြီ"လို့ ပြောပါတယ်။ စျေးကုန်းဘုန်းတော်ကြီးကျောင်းတိုက် မင်္ဂလာဒီပါကျောင်းဆောင်မြောက်ဘက်မှာ ပန်းရံဆရာက တံခွန်တိုင်တည်ဖို့ မြေကျင်းတူးရာ ၂ ပေအနက်မှာ အလျား ၄ လက်မ လုံးပတ် ၈ လက်မရှိ ဒုတိယမ္ဘာစစ်လက်ကျန်  သံချေးတက်နေတဲ့ ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိခဲ့တာပါ။ အဆိုပါ ဗုံးသီးဟောင်းတွေကို နယ်မြေခံ အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ထံ စနစ်တကျ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း
10 months Ago
Up