စစ်ကျန်

July 16, 2021

ကနီမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည်များ တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ် ရွာသာကျေးရွာအနီးမှာ ဇူလိုင် ၁၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကြီးကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အဲဒီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ တောင်သူတစ်ဦးက ပြောပါတယ်။

“ဒီကျည်ဆန်တွေကို ကျနော့်ယာခင်းထဲကနေ တွေခဲ့တာ။ တောင်ယာလုပ်ရမှာတောင် မလုပ်ရဲအောင်ဖြစ်နေပြီဗျာ။ တစ်ချို့တောင်သူတွေလည်း တွေ့ကြတယ်။ ဒါပေမဲ့ ကြောက်တော့ ဘယ်သူမှမပြောရဲကြဘူး။ အဖမ်းခံရမှာကြောက်ကြလို့ တိတ်တိတ်လေးဝှက်ထားကြတာတွေလည်း ရှိနေတယ်။ နယ်‌မြေလုံခြုံမှုကတော့ မရှိတော့ဘူးဗျာ။ ဒီလိုမပေါက်ကွဲသေးတဲ့ လက်နတ်ကျည်ဆန်တွေ ဘယ်လောက်များရှိမလဲမသိဘူး။‌ ကျနော်တို့ တောင်သူတွေလည်း တောင်သူလုပ်ငန်းကို လုပ်ကိုင်ရမှာ ကြောက်နေရတယ်။”

အခုလို မပေါက်ကွဲသေးတဲ့ စစ်ကျန်ကျည်ဆန်တွေကို ပြီခဲ့တဲရက်ပိုင်းကလည်း တွေ့ရှိခဲ့ပြီး အခုတွေ့ရှိတာနဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း စစ်ကျန်လက်နက်ကြီးကျည်ဆန်ပေါက်ကွဲလို့ စကားမြှားတောင်ရွာက ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်သူက ပြောပါတယ်။

6 months Ago
Up