စစ်ကောင်စီ စစ်ဆေးရေးဂိတ်

November 9, 2021

မုံရွာမြို့ မအူ‌မုခ်ပေါက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် မအူမုခ်ပေါက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေး ကင်းတဲဂိတ် နိုဝင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ Monywa Ranger group နဲ့ Chindwin attack force ခရိုင် တပ်ရင်း ၂  တို့ မုံရွာမြို့ မအူမုခ်ပေါက်ရှိ ကင်းတဲကို  အဖွင့်မိုင်း ၁၀ လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် ကင်းစွာနဲ့ပြောက်ကျားစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တယ်” လို့ UG အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီတပ်ဘက်က ကြောက်လန့်တကြား ပြန်ပစ်ခတ်တာတွေရှိပြီး ထိခိုက်ကျဆုံးတဲ့ အ‌ခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့အတွင်း စစ်ကောင်စီတပ်တွေဟာ အခုလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ပစ်ခတ်ခံရမှု အလူးအလဲခံနေရပြီး အကျဆုံးများစွာရှိ နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

4 weeks Ago

November 8, 2021

ရေး တံတားကြီးထိပ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့က ရေးတံတားကြီးထိပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့  ရေး PDF ပြောက်ကျားအထူးအဖွဲ့က ပြောပါတယ်။

ရန်ကုန် - ရေး - ထားဝယ် - မြိတ်ကား လမ်းမကြီးပေါ်က ရေးတံတားကြီးထိပ်မှာ စစ်ကောင်စီရဲ့ ကင်းစခန်းက ကတုတ်ကျင်းနဲ့ မတရားစစ်ဆေးငွေတောင်းခံနေတဲ့ ဂိတ်ကို  နိုဝင်ဘာ ၆ ရက် ည ၆ နာရီလောက်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ဟာ  မွန်ပြည်သစ်ပါတီ နဲ့ KNU ထိန်းချုပ်နယ်မြေဘက်ကို ဆက်သွယ် သွားလာတဲ့လမ်းနဲ့ ဒေသခံတွေ ဥယျာဉ်ခြံ သွားလာလုပ်ကိုင်နေကြတဲ့ လမ်းနေရာလည်း ဖြစ်တာပါ။

ဒါ့အပြင် အဲဒီလမ်းထိပ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက တပ်စွဲထားပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာတစ်နေရာလည်းဖြစ်သလို  ဒေသခံတွေမှာ စစ်ကောင်စီရဲ့ စစ်ဆေး မေးမြန်းတာတွေ အမြဲခံရနေတာကြောင့် ရေး PDF က စတင် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

4 weeks Ago
More News
Up