စစ်ကောင်စီအကြမ်းဖက်တပ်များဝင်ရာက်စီးနင်း

April 22, 2021

မြရည်နန္ဒာအိမ်ရာကို စစ်ကောင်စီအကြမ်းဖက်တပ်များဝင်ရောက်စီးနင်း၊ ပြည်သူ ၄ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာအတွင်း ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေပြီး ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားပါတယ်။

မြရည်နန္ဒာအိမ်ရာ အမှတ်  မမ ၁၉ တိုက် ၄ ကို လက်နက်ကိုင်တပ်တွေက ဝိုင်းကာ ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်  ဖမ်းဆီးခံလိုက်ရတယ်လို့ အိမ်ရာအတွင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြစစ်ကြောင်းတွေမှာ သုံးတဲ့ ဒိုင်းနဲ့ ကျည်ကာအဝတ်တွေ ပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့တွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ဟာ ပြည်သူတွေရဲ့ ဆိုင်ကယ် toolbox နဲ့ ဖုန်းတွေ စစ်ဆေးတာ လုပ်နေကြပါတယ်။

7 months Ago
Up