စစ်ကောင်စီရဟတ်ယာဉ်

May 23, 2021

ဒီးမော့ဆိုရဲစခန်းကို စစ်ကောင်စီရဟတ်ယာဉ်နှင့်သံချပ်ကာကားများ ရောက်လာသဖြင့် PDF အဖွဲ့ ပြန်ဆုတ်

ဒီးမော့ဆိုမြို့မရဲစခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ အကူသံချပ်ကာကားတွေ‌အပြင် ရဟတ်ယာဉ်တွေပါ ပျံဝဲနေတာကြောင့် PDFအဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုရဲစခန်းကို PDF အဖွဲ့က ဒီညနေမှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ရဲစခန်းဘက်က အင်အားချည့်နဲ့နေတာကြောင့် အလံဖြူထောင်ခဲ့တယ်လို့ ဒီးမော့ဆို PDF အဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်လာချိန်မှာတော့ အလံဖြူထောင်ထားပေမယ့် ပြန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာပေမယ့် အထိအခိုက်အကျအဆုံးစာရင်းကို မသိရသေးဘူးလို့ဆိုပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မိုးဗြဲမြို့မှာလည်း မနက် ၉ နာရီခွဲလောက်ကတည်းကနေ ညနေ ၃ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲစခန်း မီးလောင်ပြာကျသွားခဲ့ပါတယ်။ တိုက်ပွဲအတါင်း ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

6 months Ago
Up