စစ်ကောင်စီတောင်းခံနေ

September 9, 2021

ပြည်ခရိုင်အတွင်း ကျေးရွာ ၁ ရွာလျှင် လူငယ် ၃၀ ပေးရန် စစ်ကောင်စီက တောင်းခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ကျေးရွာတချို့မှာ ဒေသခံလူငယ်ယောကျ်ားလေး ၁ ရွာကို အယောက် ၃၀ ပေးဖို့ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကတဆင့် အကြမ်းဖက်စစ်ကောင်စီက တောင်းခံနေတယ်လို့ သိရပါတယ်။

သဲကုန်းမြို့နယ်ထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတဦးက “စစ်ကောင်စီက ရွာထဲက လူငယ်တွေပေးဖို့ တောင်းနေတာ။ တရွာကို လူငယ်ယောကျာ်းလေး အယောက် ၃၀ ပေးရမယ်လို့ပြောတာ။ တချို့ကျေးရွာတွေမှာဆိုရင် လူငယ်တွေပေါ်တာဆွဲခံရနေတယ်လို့ ကြားနေရတယ်” လို့ ပြောပါတယ်။

ပြည်ခရိုင်ထဲက ရွှေတောင်မြို့နယ်နဲ့ သဲကုန်းမြို့နယ်ဘက်က ကျေးရွာတချို့ကလူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

2 months Ago
Up