စစ်ကောင်စီတပ် ဗျူဟာကုန်;

October 12, 2021

မုံးကိုးမြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းအနီး တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ  စစ်ကောင်စီရဲ့တပ်ရဲ့ ဗျူဟာကုန်းအနား ကိုးကန့် MNDAA တပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား အောက်တိုဘာလ ၁၂ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က စပြီးတော့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“မုံးကိုး ဗျူဟာကုန်းနဲ့ အထက ကျောင်း အနားမှာ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ လောက်က စပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်တယ်။ ကျနော်တို့လည်း ကြောက်လို့ ထွက်မကြည့် ရဲဘူး”လို့ မုံးကိုးဒေသခံ ၁ ဦးက ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းက စတင်ကာ မုံးကိုးဒေသဘက်ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ  အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့်‌ နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးဒေသနဲ့ ဖောင်းဆိုင်ဒေသက ဒေသခံ ပြည်သူ ၈၀၀ ကျော် ယာယီ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

ယခင်တိုက်ပွဲတွေအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၇ ဦးသေဆုံးကာ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို မိုင်းတွေနင်းမိလို့လည်း ဒေသခံ  ၃ သေဆုံးကာ  ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

3 days Ago
Up