စစ်ကောင်စီတပ်ယာဉ်တန်း

October 27, 2021

မူဆယ်မော်တောင်းရွာအနီး၌ စစ်ကောင်စီတပ်ယာဉ်တန်းကို KIA က တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီး၊ ပြည်ထောင်စု လမ်းမကြီးအတိုင်း စစ်ကြောင်းချီလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၆)တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာကြောင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ရဲ့ စောင့်ကြိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က အထိခိုက် အကျဆုံးရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးဖောင်းဆိုင်ဒေသ ဘက်ကို အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး ဒေသခံ MNDAA ကိုးကန့်တပ်တွေကို လက်နက်ကြီးပစ်ကူယူကာ ထိုးစစ်ဆင်နေတာကြောင့် ဩဂုတ်လကစပြီး တိုက်ပွဲပြင်းထန်နေ ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတပ် ရင်းမှူးအပါအဝင် အရာရှိစစ်သည် တွေ အထိအခိုက်ေကျဆုံးများနေပြီး အလောင်းနဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA တပ်က စဉ်ဆက်မပြတ် သိမ်းဆည်းရမိနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

1 month Ago

August 11, 2021

ဂန့်ဂေါ-ကလေးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး

ဂန့်ဂေါ-ကလေးလမ်းမှာ   သြဂုတ် ၁၀ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က ထုတ်ပြန်ပါတယ်။

ဂန့်ဂေါ-ကလေး လမ်းမပေါ်မှာ စစ်ယာတန်း ၃ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆုံးကား မိုင်းထိမှန်ကာ ကားရှေ့မှန်နဲ့ ဘေးတစ်ခြမ်းလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ YDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

4 months Ago
Up