စစ်ကောင်စီတပ်များ အကျအဆုံးများ

September 23, 2021

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အကျအဆုံးများ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ထဲက နောင်ဘူးနဲ့ ဝါးဘူးအင်းအစပ်ကြား တံတားအနီးမှာ ပင်လည်ဘူး PDFတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီက တိုက်ပွဲဖြစ်ပွါးခဲ့ရာမှာ စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညနေပိုင်းပင်လည်ဘူး PDFတွေနဲ့ စစ်ကောင်စီတွေတပ်တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က အကျဆုံးများတယ်။ ဘယ်လောက်ကျတယ်ဆိုအသိကျမသိနိုင်ဘူး။ ပင်လည်ဘူး PDFတွေကျဆုံးမရှိဘူး ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအဆင့်တွေ သေဆုံးသွားတာရှိတယ်လို့လည်း သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

မနေ့က ဖြစ်ခဲ့တဲ့ ပင်းလည်ဘူးPDFနဲ့  စစ်ကောင်စီတို့ တိုက်ပွဲကြောင့် စက်တင်ဘာ ၂၃ ရက် ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေပျံသန်းတာတွေ ရှိတယ်လို့ သိရပါတယ်။

1 year Ago
Up