စစ်ကောင်စီတပ်များ

April 10, 2021

စစ်ကောင်စီတပ်များအမြန်ဆုံးထွက်သွားရန် ကြာအင်းဆိပ်ကြီးပြည်သူများတောင်းဆိုဆန္ဒပြ

ကရင်ပြည်နယ်၊ ​ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေ အမြန်ဆုံးထွက်သွားဖို့နဲ့ ဝင်းရော်သပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတဲ့  ဝင်းရော်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ တညင်ကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာတွေမှာ  စုပေါင်းပြီး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့တာပါ။

ဧပြီ ၈ ရက်နေ့က အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖြစ်တဲ့  အမှတ်-၃၁၆ အမြောက်တပ်ရင်းက ကေအန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ခြမ်း မာန်အောင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီလိုပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး ​​ဒေသခံပြည်သူတွေကို ထိခိုက်မှုမရှိပေမယ့် ဒေသခံတွေအနေနဲ့ ထိတ်လန့် ကြောက်ရွံနေရတဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြနေရတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

1 month Ago
Up