စစ်ကောင်စီတပ်ဖွဲ့ဝင်

November 23, 2021

ပဲခူးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးခွဲတိုက်ခိုက်ခံရ

ပဲခူးမြို့၊ ပုဏ္ဏားစု ၁၄ လမ်းအနောက်ဘက်လမ်းထိပ်မှာ  နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီ မိနစ်  ၅၀ လောက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေပူးပေါင်း  လှည့်ကင်းဆောင်ရွက်နေချိန် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့   ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့   BDF က ပြောပါတယ်။

အဆိုပါ ဗုံးဖေါက်ခွဲမှုကို  ပဲခူးBDF နဲ့ပဲခူး BGF ညီနောင်မဟာမိတ်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနိုင်တယ်လို့လည်း  ပဲခူး BDF က ပြောပါတယ်။

အခု ဖြစ်စဉ်နဲ့ ပက်သက်ပြီး စစ်ကောင်စီ ဘက်က ထိခိုက်ဒဏ်ရာတာ ရှိမရှိ မသိရသေးပါဘူး။ ဗုံးဖေါက်ခွဲခဲ့တဲ့  နေရာအနီးအနားဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ဆေးနေပါတယ်။

စစ်အာဏာရှင်ရဲ့ လက်ပါးစေမှန်သမျှ တိုက်ခိုက်ချေးမှုန်းသွားမှာဖြစ်ပြီး  အာဏာရှင်ရဲ့ လက်အောက်ကနေ အမြန်ဆုံး ထွက်ခွာ  ပြည်သူ့ဘက်က ရပ်တည်သွားဖို့  ပဲခူး BDF နဲ့ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့ အပေါင်းပါတွေကို သတိပေးထုတ်ပြန်ထားပါတယ်။

2 weeks Ago

November 19, 2021

တွံတေးမြို့နယ်တွင် Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာမှာ  Mytel တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို  နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။  

ဒီနေ့ ညနေ ၃ နာရီ ၄၇ မိနစ်လောက်က တာဝါတိုင်အနီးမှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်စီးပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အသေ ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တွံ့တေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခံ ပျံလွှားတွေအတွက် လက်စားချေတုံ့ပြန်တဲ့အနေနဲ့  စတင်လိုက်တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။

2 weeks Ago
More News
Up