စစ်ကောင်စီခန့် ရာအိမ်မှူး

September 22, 2021

တိုက်ကြီးမြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းဝင်းဇော်ကို ဒီကနေ့ မနက် ၉ နာရီကျော်လောက်က ဘောလုံးကွင်း ၁ လမ်းအဝင်မှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက်က သေနတ်နဲ့ ပစ်သတ်လိုက်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

အဲဒီရာအိမ်မှူးဟာ အကြမ်းဖက်စစ်အုပ်စု ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သားတော်စပ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့စည်းက ပြုလုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူး လို့ ဆိုပါတယ်။

အဲဒီရာအိမ်မှူး အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီးတော့ တိုက်ကြီးမြို့နယ်ထဲက နေရာတစ်ချို့မှာ လားသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

4 weeks Ago

September 11, 2021

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာမှာ စက်တင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီလောက်က  စစ်ကောင်စီခန့် ရာအိမ်မှူး အသက် ၄၀ အရွယ် ကိုနိုင်စိုးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတစ်ဦးက "သူရှုပ်လို့ သူအရှင်းခံရတာပဲ။ တောထဲမှာ အလောင်းကို လှည်းနဲ့ကောက်လာပြီး အိမ်မှာထားတာ။ ခင်ဦးမြို့က စစ်ကားနှစ်စီးက ၃ နာရီလောက်ကျ လာကောက်သွားတယ်။ သူတို့လာတော့ ရွာသားတချို့က ကြောက်ပြီး ရှောင်သွားကြတယ်'' လို့ ပြောပါတယ်။

သူဟာ ခင်ဦးမြို့ ပျူစောထီးအဖွဲ့ရဲ့ အထူးထောက်လှမ်းရေးလို့ ရွာသားတွေက သိထားကြပြီး PDF တွေကို ထောက်ပံ့ပေး၊ အလှူခံပေးနေတဲ့ ယောက်သွားအိုင်ရွာသားတချို့ကိုလည်း စစ်ကောင်စီကို သတင်းပေးနေတယ်လို့ ရွာခံတွေက ဆိုပါတယ်‌။

ရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကတော့ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းနိုင် သေနတ်အပစ်ခံရပြီးကတည်းက နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

ရွာသားတဦးက "မြို့နယ်ရုံးကို တံဆိပ်တုံးတွေဘာတွေ သွားအပ်လိုက်ပြီလို့ သိရတယ်။ သူကတော့ ရွာမှာ ဘာမှ ဒုက္ခမပေးဘူး။ ပြည်ခိုင်ဖြိုးက ကိုဝင်းနိုင်ကတော့ ရွာကို စစ်ကားတွေလာမယ်ဆိုပြီး ခဏခဏခြိမ်းခြောက်လို့ မေလလောက်ကတည်းက ရွာကနေ ခဏခဏထွက်ပြေးကြရတယ်။ ရွာမှာတော့ ပစ္စည်းအလုခံရတာ၊ လူဖမ်းတာမျိုးတော့ မကြုံရသေးဘူး” လို့ ပြောပါတယ်။

1 month Ago
Up