စစ်ကောင်စီခန့်ရာအိမ်မှူး

August 11, 2021

တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် (၅၄) ရပ်ကွက်က သတင်းပေး(ဒလန်)လို့ နာမည်ကျော်စောတဲ့ ရာအိမ်မှူးတစ်ဦး ဩဂုတ် ၁၁ ရက် ဒီနေ့ မနက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

ပစ်ခတ်ခံရသူဟာ တောင်ဒဂုံမြို့နယ်၊ ကျားကြီးလက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ သားအကြီး ကိုလှမျိုးအောင် ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်မှာ ရာအိမ်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဒီနေ့ မနက် ဆိုင်ဖွင့်လှစ်စဉ်  ပစ်ခတ်ခံရတာဖြစ်ပြီး သူ့ရဲ့အမျိုးသမီးပါ ထိခိုက်ဒဏ်ရာရ ရှိခဲ့​တာကြောင့် နှစ်ဦးစလုံးကို  ဆေးရုံပို့ဆောင်လိုက်ရကာ အသက်အန္တရာယ် မသိရသေးဘူးလို့ သိရပါတယ်။

4 months Ago
Up