စစ်ကောင်စီ

A d v e r t i s e m e n t With Us

March 4, 2021

ဖြူးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီအလိုမရှိကြောင်း ဆက်လက်ဆန္ဒပြ

ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီအလိုမရှိကြောင်း ငြိမ်းချမ်းစွ ဆက်လက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်းက ဆန္ဒပြရာတွင်တက်ကြွစွာပါဝင်သူတွေနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာစခန်းတွေမှာ အမှုဖွင့်ထားတာတွေရှိနေတယ်လို့ တက်ကြွပါဝင်သူတွေက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်း ဆန့်ကျင်ဆန္ဒပြရာမှာ တက်ကြွစွာပါဝင်သူတွေနဲ့ CDM မှာ ပါဝင်သူတွေဟာ တိမ်းရှောင်နေကြပြီး အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကြတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တက်ကြွပါဝင်သူအမျိုးသမီးတစ်ဦးက ​ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက ရက်စက်စွာ ပစ်ခတ်နေမှုတာတွေကို ရှုတ်ချကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြသူ တွေက ကြွေးကြော်ဆန္ဒပြနေကြတာပါ။ ဖြူးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတာ ၂၄ ရက်မြောက်နေ့ ဖြစ်ပါတယ်။

2 days Ago

February 28, 2021

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို အလိုမရှိကြောင်းဆန္ဒပြ

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊  ပြောင်ခေါင်းဒေသ လီရှောလယ်ဦးကျေးရွာအုပ်စုအောက်က ရွာသူရွာသား ရာနဲ့ချီဟာ  အာဏာသိမ်းစစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေကို အလို မရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

ကျေးရွာ ၇ ရွာက ရွာသူရွာသားတွေဟာ အင်အားရာနဲ့ချီပြီး ရွာလမ်းမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ဟာ အရင်တုံးက အုပ်ချုပ်ရေးမှူး လုပ်ဖူးခဲ့သူဖြစ်ပြီး သူ့မိသားစုဟာ မူးယစ်ဆေးရောင်းဝယ်တာကြောင့် ထောင်ကျဖူးတယ်လို့ ရွာသူရွာသားတွေကဆိုပါတယ်။ 

တာဝန်က ရပ်စဲခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးလက်ထက်မှ ကျေးရွာအတွင်း မူးယစ်ရောင်း ဝယ်မှုတွေကို အများကြီးဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တာကြောင် ရွာက လူတွေက မူးယစ်ဆေး တွင်ကျယ်စွာ ပြန်ရောင်းမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိဘဲ ပြည်သူကနေ ပြည်သူကိုပဲ အုပ်ချုပ်ဖို့ ရပ်မိရပ်ဖတွေနဲ့ဖွဲ့စည်းနေတယ်လို့သိရ​ပါတယ်။

ဟန်နာထက်အောင်

6 days Ago
More News
Up