စစ်ကောက်စီလက်နက်ကိုင်များ

March 11, 2021

စု သက်မွေးသိပ္ပံကျောင်း တာဝန်ခံ၏ ဈာပနကျင်းပ၊ ထိုးသွင်းဒဏ်ရာတွေ့ဟု ဇနီးဖြစ်သူပြော

စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့တဲ့ စု သက်မွေးသိပ္ပံကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်းရဲ့ ရုပ်အလောင်းကို ​ရေခဲတိုက်မှာ စနစ်တကျထိန်းသိမ်းမထားတာကြောင့် ဒီနေ့ အမြန် သင်္ဂြိုဟ်ခဲ့ရပါတယ်။

သူ့ကို မတ် ၉ ရက် မနက်အစောပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တွေက ဖမ်းသွားပြီး နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီကိုယ်စားလှယ်တယောက်က အကြောင်းကြားတာကြောင့်  မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကို သွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

 သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ ကျောဘက်မှာ ၂ စင်တီမီတာအနက်ရှိတဲ့ ဒဏ်ရာတခု တွေ့ရပြီး ရာဘာကျည် ဒဏ်ရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အူတွေလည်း အပိုင်းပိုင်းပြတ်ရှနေပြီး ဘယ်ဘက်ဝမ်းဗိုက်အောက်မှာ ထိုးသွင်းဒဏ်ရာကို ထင်ထင်ရှားရှား တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီကတော့ ဦးဇော်မြတ်လင်းဟာ ၆ ပေကျော် အမြင့်အုတ်တံတိုင်းပေါ်က ခုန်ချတာကြောင့် သေဆုံးသွားတာလို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ဟိန်းအောင်၊ ဖိုတိုဒါန

9 months Ago
Up