စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်

January 8, 2020

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွှေမင်းဝံရပ် စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းမှာ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ကဦးဆောင်ပြီး ဖဲကြိုးစိမ်းကမ်ပိန်းကို ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ချက်ဟာ အောက်ခြေဆရာ/မများနဲ့ ဝန်ထမ်းတွေ မိဘတွေကျောင်းသား/သူတွေရဲ့ အခက်အခဲတွေ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားချင်းမပြုဘဲ မတ်လကုန်အထိ စာသင်ရမယ်လို့ တိုးမြှင့်ပြီးပြဋ္ဌာန်းလိုက်တဲ့အပေါ် စစ်ကိုင်းပညာရေးတက္ကသိုလ် ဗကသ ကျောင်းသားများသမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒါကြောင့် ကျမတို့ဒီကနေ့ ဖဲကြိုးစိမ်းကမ်းပိန်းပြုလုပ်ရတာ” လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးန္ဒာစိုး က ပြောပါတယ်။ ဒီမိုကရေစီပညာရေးခရီးဝေးပြီလား သုသေသနကို အခြေမခံတဲ့စနစ် အပြောင်းအရွေ့မှာ ကလေးတွေက အစမ်းသပ်ခံတွေလား ရေးသားထားတဲ့ ပိုစတာနှစ်ခုကို စိုက်ထူထားပြီး ဖဲကြိုးစိမ်းတွေကို လိုက်လံတတ်ဆင်ပေးခဲ့ကြပါတယ်။ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကျောင်းသား/ကျောင်းသူ ၃၀ ကျော်နဲ့ ဖဲကြိုးစိမ်းကမ်ပိန်းကိုပြုလုပ်ခဲ့တာ ဖြစ်ပြီး တပတ်အတွင်း ပညာရေးဌာနအနေနဲ့ အကြောင်းပြန်ကြားခြင်းမရှိပါက အရှိန်အဟုန်မြှင့်တင်သွားမှာလည်း ဖြစ်ပါတယ်။
2 years Ago

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ မတ်လကုန်ထိ စာသင်ကာလသတ်မှတ်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်း Campaign ကို စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်း၀င်းအတွင်းမှာ ဒီနေ့မနက်ပိုင်း ပြုလုပ်ခဲ့ကြပါတယ်။ Photo - Kaung Zaw Hein / MPA
2 years Ago
Up