စစ်ကိုင်းတိုင်းဒေသကြီး အလံနှင့် အမှတ်အသားတံဆိပ် တိုင်းလွှတ်တော်အတည်ပြု

July 21, 2020

စစ်ကိုင်းတိုင်းအစိုးရ၏ ၃ ယောက်မြောက် နယ်လုံဝန်ကြီးကို တိုင်းလွှတ်တော် အတည်ပြု

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နယ်လုံဝန်ကြီးသစ်ကို  ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်အစား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုးကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုယ်စား  စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဒီကနေ့ လွှတ်တော်ကို အဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့ သဘောထားရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုခဲ့ပါတယ်။ ဒီနောက်  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင်စိုးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ  ကတိပြုလက်မှတ်ရေးထိုး ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကတိသစ္စာမပြုရသေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် သစ် ၃ ဦးက လည်း လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှာ ကတိပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း လုံခြုံရေးနဲ့  နယ်စပ်ရေးရာ ဝန်ကြီးပြောင်းလဲမှု ၃ ဦးထိရှိပြီဖြစ်ပါတယ်။ ပထမဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သန်းနိုင်က တာဝန်ယူခဲ့ပြီး   ဒုတိယအဖြစ် ဗိုလ်မှူးကြီး သန်းထွန်းအောင်နဲ့ အခုတတိယမြောက်အဖြစ်  ဗိုလ်မှူးကြီး  ဝင်းတင်စိုးတို့က တာဝန်ယူမှာဖြစ်ပါတယ်။ အခုလို ဝန်ကြီး ၃ ဦးထိ ပြောင်းလဲတဲ့အပေါ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် ထွေထွေထူးထူးမပြောလိုဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးအသစ်အနေနဲ့ ကျန်ရှိတဲ့ သက်တမ်းအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးစေချင်တယ်လို့ ပြောပါတယ်။ ဒီကနေ့ အထူးအစည်းအဝေးပထမနေ့မှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကတိသစ္စာပြုတာ၊ ဝန်ကြီးသစ်ခန့်အပ်တာ၊ ကိုယ်စားလှယ် ၃ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ မေးခွန်း ၃ ခု မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် စီမံဘဏ္ဍာဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းတို့ကို လွှတ်တော်ကို တင်သွင်းခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
2 years Ago

June 4, 2020

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးပြန်စ  

ရပ်နားထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အစည်းအဝေးကို ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ပြန်လည်စတင်ကျင်းပပါတယ်။ ဒီအစည်းအဝေးက ကိုဗစ်ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ပထမနေ့မှာတော့ ကိုယ်စားလှယ်တွေကို အဝင်မှာ အပူချိန်တိုင်းတာ၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဖို့ ဆော်သြတာ၊ လက်မှတ်ထိုးဖို့ တန်းစီတဲ့နေရာမှာ Social Distancing နဲ့အညီ ဆောင်ရွက်ကြဖို့ စတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေကျင်းပတဲ့ အစည်းအဝေးမှာတော့ အစည်းအဝေးတက်ခွင့်ရှိသူ ၉၉ ဦးရှိတဲ့အထဲက ၈၉ ဦးတက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာမေးခွန်းတွေကို ကိုယ်စားလှယ် ၈ ဦးက မေးမြန်းခဲ့ကာ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မတီကနေ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။  ဒါ့အပြင် ရေဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မော်တော်ယာဉ်နဲ့ အခြားယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် စနစ်တကျပြေးဆွဲရေးဥပဒေ(မူကြမ်း)ကိုလည်းတင်သွင်းခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးမစခင်မှာ မုံရွာမြို့ရှိ အမှတ် ၁၇ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (စစ်ကိုင်း)က တပ်ဖွဲ့ဝင်နေတွေကနေ မေလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀) လက်ကမ်းစာစောင်၊ စာအုပ်တွေကို လာရောက်ဝေငှခဲ့ပါတယ်။  ဒါ့အပြင် ဒေသတွင်း ချည်ထည်လုပ်ငန်းရှင်တွေကလည်း သူတို့စက်ရုံတွေမှာ ချုပ်လုပ်နေတဲ့ Mask တွေကို လွှတ်တော်ဥက္ကဋ္ဌထံ လာရောက်ပေးအပ် လှူဒါန်းခဲ့ပါသေးတယ်။ ယခုတကြိမ် ကျင်းပနေတဲ့ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကတော့ ၁၀ ရက်ခန့်ကြာမယ်လို့ သိရပါတယ်။
2 years Ago
More News
Up