စစ်ကိုင်းတိုင်းကွန်ပျုတာပညာရှင်အသင်းရုံး

March 22, 2021

စစ်ကိုင်းတိုင်းကွန်ပျုတာပညာရှင်အသင်းရုံးကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အောင်မြင်သူအိမ်ရာ အခန်းအမှတ် 103 A ရှိ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျုတာပညာရှင်အသင်းရုံးခန်းအပါအဝင် အခန်းတိုင်းကို မတ်လ ၂၁ ရက် မနက် ၂ နာရီမှ ၅ နာရီအထိ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ရဲက အင်အားသုံးကာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

ကွန်ပျုတာပညာရှင်အသင်းရုံးခန်းအပါအဝင် လူမနေတဲ့အခန်းတွေကို တံခါးသော့ဖျက်ကာ ဝင်ရောက်စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။  

အဓိကတော့ ကျောင်းသားတွေ၊ သပိတ်ကော်မတီဝင်တွေက အဲဒီမှာ တိမ်းရှောင်နေ တယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်နိုင်ပြီး ဖမ်းဆီးခံရသူတွေ မမြင်တွေ့ခဲ့ရဘူးလို့လည်း သိရပါတယ်။ 

မုံရွာမြို့မှာတော့ ညတွေမှာ စစ်တပ်နဲ့ရဲက အခုလို ဝင်ရောက်စီးနင်းရှာဖွေတာတွေ မကြာခဏ ပြုလုပ်နေကြပါတယ်။

9 months Ago
Up