စစ်ကား ချောက်ထဲထိုးကျ

March 22, 2021

ဂန့်ဂေါ-ကလေးလမ်းတွင် စစ်ကား ၁ စီး ချောက်ထဲထိုးကျ၊ အသေအပျောက်ရှိနိုင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာအနီး တောင်အဆင်းမှာ  စစ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှု မတ်လ ၂၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

စစ်ကားက စုစုပေါင်း ၃ စီးမောင်းလာတာ ဖြစ်ပြီး တစ်စီးကို လူ ၂၀ ဝန်းကျင်ခန့်ပါဝင်ကာ ကလေးမြို့ဘက်ကနေ ဂန့်ဂေါမြို့ကို အသွားမှာ ရှေ့ဆုံးကားက လမ်းဘေးချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့တာပါ။ 

အခုလို တိမ်းမှောက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေကတော့ သုံးသပ်ထားပြီး ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဂန့်ဂေါမြို့မှာ ညကလည်း ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်နေ့ညက ပစ်ခတ်မှုမှာတော့ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပါသေးတယ်။

2 years Ago
Up