စစ်ကားသုံးစီး

September 17, 2021

ကန့်ဘလူ PDF က စစ်ကားသုံးစီးကို မိုင်းခွဲ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနာလမ်းတနေရာမှာ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီလောက်က ကန့်ဘလူက ထွက်လာတဲ့ စစ်ယာဉ်တန်း သုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ တယ်လို့ ကန့်ဘလူ PDF က ထုတ်ပြန်ကြေညာပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကား သုံးစီးလုံး အထိနာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေတော့ အတိအကျမသိရသေးပါဘူးလို့ ဆိုပါတယ်။

ကန့်ဘလူ PDF အနေနဲ့ ပြည်သူ့သွေးကြွေးအတွက် နေ့စဉ် လှုပ်ရှားနေတာဖြစ်ပြီး  စစ်ကောင်စီရဲ့ အကျိုးစီးပွားကို အထောက်အကူပြုနေတဲ့ မိုင်တဲလ်တာဝါတိုင်တွေကိုလည်း ဆက်လက်တိုက်ခိုက် ဖျက်ဆီး‌နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းကလည်း စပါးနံ့သာရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up