စစ်ကား

November 14, 2022

ဘူးသီးတောင်မြို့နယ်၌ စစ်ကား ၂ စီးကို အေအေ မိုင်းဆွဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီလောက်မှာ ဘူးသီးတောင်-ဂူတာပြင်လမ်း တောင်ကြားတနေရာမှာ ရက္ခိုင်တပ်တော် (အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက "  ည ၇ နာရီခွဲ ကျော်လောက်မှာ ဘူးသီးတောင်မြို့ပေါ်က စစ်ကား နှစ်စီး စစ်သားအပြည့်နဲ့ ဘူးတောင်-ဂူတာပြင် ဘက်ကိုဆင်းသွားကြတယ်။ ဂေါက်ကွင်းအလွန်မှာ ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်။ လက်နက်ကြီးလက်နက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီလောက်ဖြစ်ခဲ့ကြတယ်။"လို့ ပြောပါတယ်။

ဂူတာပြင်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စားနပ်ရိက္ခာပြတ်လပ်ပြီး အေအေတပ်ရဲ့ ပိတ်ဆို့ခံနေရတာကြောင့် ဘူးသီးတောင်အခြေစိုက် တပ်ရင်းတွေက စစ်အင်အားနဲ့ စားနပ်ရိက္ခာဖြည့်တင်းပေးတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီကား ၂ စီးကို ရက္ခိုင်တပ်တော် အေအေက ကံပြင်ကျေးရွာအုပ်စု၊ ဇဘူကျေးရွာအလွန် တောင်ကုန်းတွေနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေထဲကို ဝင်ရောက်ပစ်ခတ်နေလို့ ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြရကာ နေအိမ်တွေထဲမှာ ပုန်းခိုနေကြရတယ်လိုဒေသခံတွေကပြောပါတယ်။

ဘူးသီးတောင်-ဂူတာပြင်လမ်းအနီးနေ ရွာသားတဦးက "စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ကြားတယ်။ လမ်းတလျှောက်က ကျေးရွာတွေကိုဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်နေကြတယ်။ အပြန်အလှန်တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတယ်။"လို့  ပြောပါတယ်။

ဂူတာပြင်ကျေးရွာအနီး အောက်တိုဘာ ၂၇ ရက်ရက်ညပိုင်းလည်း စစ်ကောင်စီတပ်နဲ့ အေအေတို့ ၅ နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၅ ယောက်လောက် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါတယ်။

3 weeks Ago

October 31, 2022

သိမ်ဇရပ်မြို့တွင် ကင်းလှည့်နေသည့် စစ်ကား ၂ စီး အနီးကပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဆင်ဖြူကျောင်းအနီးမှာ အောက်တိုဘာ ၃၀ ရက် ည ၉ နာရီလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီကား ၂ စီး အနီးကပ် တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ပါတဲ့ စစ်ကား ၂ စီးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က အနီးကပ် တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားတဲ့ ကားတစ်စီးကို ထားရှိပြီး တစီးကမြို့ထဲကို အရှိန်ပြင်း ပြန်လည် မောင်းဝင်လာတယ်လို့  ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကလည်း လက်နက်ကြီး  ၅ လုံးထက်မနည်းပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ကလည်း သိမ်ဇရပ်မြို့ စစ်တောင်းစက္ကူစက်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကား တစ်စီး တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။

1 month Ago
More News
Up