စစ်​​ပြေးဒုက္ခသည်​ ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလှုံ

May 12, 2019

စစ်​​ပြေးဒုက္ခသည်​ ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလှုံ

ရခိုင်ပြည်နယ်အတွင်း ဖြစ်​ပွား​နေတဲ့ တပ်​မ​တော်​နဲ့ ​အေ​အေ တိုက်​ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်မှ ရွာသား ၁၀၀ ကျော်လောက်ဟာ မေ ၉ ရက်နေ့ကစတင်ပြီး စစ်တွေမြို့ ကယုချောင်းကျောင်းတိုက်နဲ့ အမျိုးသားကျောင်းတိုက်ကို ခိုလှုံရောက်​ရှိလာကြပါတယ်။ နယ်​မြို့နယ်​တွေမှာ​ လုံခြုံမှုမရှိသလို အလုပ်အကိုင်တွေလည်း မရှိ​တော့တဲ့အတွက်​ စားဝတ်နေ​ရေး အလွန်​အခက်​​တွေ့​နေကြပြီး နောက်ထပ်လည်း စစ်တွေမြို့ကို ထွက်ပြေး လာကြ မယ့်သူတွေ ရှိနေ​ကြောင်း၊ လမ်းစရိတ်မတတ်နိုင်တဲ့အတွက် မလာ​ရောက်​နိုင်သူတွေ ကျန်​​နေ​သေး​ကြောင်း စစ်​​ဘေး​ရှောင်​တွေက​ ပြောပါတယ်​။ "ဒေသအတွင်း တိုက်​ပွဲတွေ ဆက်​ဖြစ်​​နေတယ်​။ တပ်​​တော်​က ရွာ​တွေကို ဖမ်းဆီး စစ်​​ဆေး​နေတာတွေ ရှိ​နေတယ်​။ ဒါ​ကြောင့် စိုးရိမ်ကြောက်လန့် ထွက်ပြေးလာရတာ ဖြစ်တယ်​။ ရ​သေ့​တောင်​ ကျောက်တန်းကျေးရွာမှာ ရွာသူ/သား​တွေကို မသွားရ မလာရ ဖမ်းဆီး စစ်​​ဆေး​နေတယ်​။ ကျနော်​တို့ ရွာမှာလည်း ဒီလို​တွေဖြစ်​လာမှာ လူ​တွေက စိုးရိမ်​​နေကြတယ်​။ ဒါကြောင့် မနေရဲလို့ ကျနော်​တို့လည်း ပြေးလာခဲ့ကြတာပါ။ ​နောက်​လည်း ထွက်​​ပြေးလာကြမယ့် ရွာသူ/သား​တွေများစွာ ရှိ​နေပါ​သေးတယ်​။ ခရီးစရိတ်​မရှိလို့ မလာနိုင်​သူ​တွေလည်း ရှိပါတယ်​လို့" ရ​သေ့​တောင်​မြို့နယ် ​စစ်​​ဘေး​ရှောင်​ ကိုသိန်းဟန်​က​ပြောပါတယ်​။ စစ်တွေမြို့ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေမှာ ရသေ့တောင်မြို့နယ်မှ ရေပုတ်၊ သောင်းဒြား၊ ရေခေါင်းချောင်း၊ အောင်သာစည်၊ ခရုချောင်းကျေးရွာသားတွေနဲ့ ဘူးသီးတောင် မြို့နယ်မှ သပြေဆိပ်၊ စည်တောင်၊ သိုင်းတပုတ် ကျေးရွာသားတွေဖြစ်ပြီး ထိုအထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါရှိနေ​ကြောင်းသိရပါတယ်​။ စစ်​​တွေမြို့ကို ထွက်​​ပြေးလာကြတဲ့ စစ်​​ဘေး​ရှောင်​ဒုက္ခသည်​တွေကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နဲ့ တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ကြပါတယ်​။ စစ်ရှောင်မိသားစုဝင်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဆန်ရိက္ခာတလစာအတွက် တဦးကို ၉၀၀၀ နှုန်းနဲ့ ထောက်ပံ့ငွေ ၉ သိန်းကျပ်​ ကျားလုံချည်၊ မလုံချည်၊ တံဘက်နဲ့ တီရှပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်​။ စစ်​​တွေမြို့တွေကို ထွက်​​ပြေးလာကြတဲ့ စစ်​​ဘေး​ရှောင်​များမှာ စစ်တွေမြို့လမ်းမတော် တောင်ရပ်ကွက်ရှိ အမျိုးသားကျောင်းတိုက်မှာ ၆၉ ဦးနဲ့ ကယုချောင်းကျောင်းတိုက်မှာ ၃၁ ဦးတို့​ စစ်​​ဘေးခိုလှုံနေ ​ကြောင်း​ သိရပါတယ်​။ ဗညား
2 years Ago
Up