စစ်​​ဒဏ်​​ကြောင့် မောက်မယ်မြို့နယ် လူ ၂၀၀ ​ကျော်​ အစားအစာ​ ပြတ်​လပ်​ပြီး အကူညီလိုနေ

September 2, 2018

စစ်​​ဒဏ်​​ကြောင့် မောက်မယ်မြို့နယ် လူ ၂၀၀ ​ကျော်​ အစားအစာ​ ပြတ်​လပ်​ပြီး အကူညီလိုနေ

စစ်​​ဘေးဒဏ်​အကျိုးဆက်​​ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ​မောက်​မယ်​မြို့နယ်​ ကဒူးကြီး​ဒေသ ပုန်းစုတ်​ရွာနဲ့ မဲုင်း​ရှား​စေးရွာက ပြည်​သူ ၂၀၀ ​ကျော်​ အစားအ​သောက်​ ပြတ်​လပ်​နေပြီး အကူညီလိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ​မေ ၂၀၁၇ က ရှမ်းပြည်​ပြန်​လည်​ထူ​ထောင်​​ရေး​ကောင်​စီ RCSS/SSA က တပ်​သားသစ်​စု​ဆောင်းမှု​ကြောင့် ရွာလုံးကျွတ်​ထွက်​​ပြေးတိမ်း​ရှောင်​ရပြီး ​နေရပ်​ပြန်​​ရောက်​တဲ့အချိန်​မှာ စိုက်​ပျိုး​ရေး အချိန်​လွန်​တဲ့အတွက်​ မစိုက်​ရဘဲ အခုနှစ်​သီးနှံမ​ပေါ်ခင် အစားအစာ ပြတ်လပ်ပြီး အကူညီလိုအပ်နေတာလို့ မဲုင်းရှား​စေး ရွာသား ခွန်မောင်ဗျန်းက ပြောပါတယ်။ ရွာနှစ်​ရွာ​ပေါင်း အိမ်​​ခြေ ၅၀ ​ကျော်​ရှိပြီး တချို့အိမ်​​တွေက တ​ရက်​လုံး ထမင်းတ​နပ်​သာ စား​သောက်​​နေရတယ်​လို့ ဆိုပါတယ်​။ ဒါ့အပြင်​ စား​သောက်​ဖွယ်​ရာ ရရှိဖို့ ​တောင်​​ပေါ်ရှိ ​ဆေးမြစ်​ဥ​တွေ လိုက်​တူးပြီး တရက်​တာ စားဝတ်​​နေ​ရေး​ ဖြေရှင်း​နေရတယ်လို့ ပုန်းစုတ်ရွာတာဝန်ခံ ခွန်မောင်ဆွာက ပြောပါတယ်။ အဲ့ဒီ ရွာနှစ်​ရွာမှာ ရှိတဲ့ အဘိုးအဘွား​တွေဟာ ကျန်းမာ​ရေး မ​ကောင်း​ပေမယ့် ​ဆေးကုသခံယူဖို့​​ ​ဆေး​ပေးခန်း​တွေလည်း မရှိသလို ​သောက်​သုံးဖို့​ ဆေး​တွေလည်းမရှိဘူးလို့ ခွန်မောင်ဗျန်းက ဆိုပါတယ်​။ အ​ရေး​ပေါ်အစား​အစာ ​ဖြေရှိင်းနိုင်​ဖို့ သြဂုတ်​ ၃၁ ရက်​က ​တောင်​ကြီးရှိ ပအိုဝ်းလူငယ်​​တွေက ဆန်အိတ် ​၆၀ နဲ့ ဆီ၊ ဆား၊​ ဆေးနဲ့ ဟင်းချက်​စရာ​တွေ သွား​ရောက်​လှူဒါန်း​ပေးခဲ့ပါတယ်​။ အဲဒီ​ဒေသမှာ အဓိက စပါး၊ နှမ်း ​ပြောင်း​တွေစိုက်​ပျိုးပြီး မိုင်​၂၀ ​ကျော်​ရှိတဲ့ ဆီဆိုင်​နဲ့ ​မောက်​မယ်​မြို့​တွေမှာ ​ရောင်းချပြီး ​စားဝတ်​​နေ​ရေးအတွက်​ ​ဖြေရှင်း​နေရတာပါ။ ခွန်​ရာဇာ
3 years Ago
Up